Myanmar

ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

(၂. ၅. ၂၀၁၇)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ-ဘဏ္ဍာရေးမှူးနှင့်CECများသည် ပျဉ်းမနားမြို့၊ ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သိို့ သွားရောက်၍ ကျောင်းထိုင်သီလရှင်ဆရာကြီးနှင့် စာသင်သီလရှင်များအား အလှူငွေများ၊ လှူဘွယ်ပစ္စည်းစုံခြင်း(၁)ခြင်း၊ ဗလာစာအုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့်(ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ ကြာဇံ၊ ဂျင်း)အစရှိသည့် ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုအတွက် နတ်၊ လူ အများ ဝမ်းမြောက် နုမော် သာဓု ခေါ်ဆိုနိုင်ကြပါစေသော်

အသင်းဥက္ကဋ္ဌမှနွေရာသီအင်္ဂလိပ်စာသင်တန်းတိုးတက်မှုအခြေအနေအားကြည့်ရှုခြင်း

အသင်းဥက္ကဋ္ဌမှနွေရာသီအင်္ဂလိပ်စာသင်တန်းတိုးတက်မှုအခြေအနေအားကြည့်ရှုခြင်း

(၃၀.၄.၂၀၁၇) MWCDFရုံးချုပ်၊ နေပြည်တော်၌ ဖွင့်လှစ်ထားသော နွေရာသီအင်္ဂလိပ််စာသင် တန်းတွင် တက်ရောက်နေသော ကျောင်းသား/သူများအား အသင်းဥက္ကဋ္ဌမှ ရင်းရင်းနှီးနှီး တွေ့ဆုံကာ သင်တန်းတက်ရောက်မှုအပေါ် တိုးတက်မှုအခြေအနေများအား မေးမြန်းခြင်းနှင့် ကြိုးစားသင်ကြားကြ ရန် မှာကြားခဲ့ပြီး ရေခဲကိတ်မုန့်များ၊ ဖာလူဒါများဖြင့် အာဟာရဒါနပြုခဲ့ပါသည်။

သက်ကြီးပူဇော်ပွဲအခမ်းအနား

သက်ကြီးပူဇော်ပွဲအခမ်းအနား

(၁၄.၄.၂၀၁၇)သင်္ကြန်အကျနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇေယျသုခ အရှေ့ကျေးရွာတွင် ကျေးရွာ MWCDFအဖွဲ့ဝင်များနှင့်မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ဝင်များစုပေါင်း၍ သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

သက်ကြီးရွယ်အိုအဖိုး၊အဖွားများအားလှူဒါန်းခြင်း

သက်ကြီးရွယ်အိုအဖိုး၊အဖွားများအားလှူဒါန်းခြင်း

(၁၃.၄.၂၀၁၇) သင်္ကြန်အကြိုနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာ MWCDFအဖွဲ့ဝင်များနှင့် အလှူရှင်များမှသက်ကြီးရွယ်အို အဖိုး၊အဖွား(၃၃)ဦးအားလှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဥပုဒ်သီလစောင့် တည်ကြသူများအားလည်း အုန်းနို့ခေါက်ဆွဲများ ကျွေးမွေးဧည့်ခံခဲ့ပါသည်။

Summer English Training Talk Show Competition

Summer English Training Talk Show Competition

၉.၄.၂၀၁၇ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင်တင်ရေးအသင်းရုံးချုပ်၊ နေပြည် တော်၌ ဖွင့်လှစ်ထားသော တတိယအကြိမ် နွေရာသီအင်္ဂလိပ်စာ(Intermediate Level)သင်တန်း တက်ရောက် နေသော ကျောင်းသား/သူများ အားTalk Show ပြိုင်ပွဲအစီအစဉ်ပြုလုပ်ပေခြင်း

ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးမှုဆိုင်ရာအခမ်းအနားသို့တက်ရောက်ခြင်း

ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးမှုဆိုင်ရာအခမ်းအနားသို့တက်ရောက်ခြင်း

၇.၄.၂၀၁၇ နေ့တွင် နေပြည်တော် Lake Garden Hotel ၌ကျင်းပပြုလုပ်သော ရှေးဦးအရွယ်ကလေး သူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်း အစီ အစဉ် မိတ်ဆက်ခြင်း အခမ်းအနားသို့ MWCDFအသင်းမှCECများတက်ရောက်ခဲ့ပါသည်။