အခမ်းအနားတက်ရောက်ခြင်း

(၂၁.၇.၂၀၂၅)ရက်နေ့တွင် Cherry Queen Hotel ၌ ကျင်းပပြုလုပ်သည့် Trauma First Aid Provider Training ဆင်းပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ တက်ရောက်ခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၂၁.၇.၂၀၂၅)ရက်နေ့တွင် Cherry Queen Hotel ၌ ကျင်းပပြုလုပ်သည့် Trauma First Aid Provider Training ဆင်းပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ တက်ရောက်ခဲ့ပါသည်။

၂၀.၇.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာ၊ ရွှေမြင်တင်ဘုရားပရဝုဏ်အတွင်းရှိ (သီရိဝဏ္ဏ ဘိုးဘွားရိပ်သာ)တွင် နေထိုင်ကြသော အဖိုးအဖွားများအားတစ်ရက်တာ အာဟာရ(နံနက်၊နေ့လည်၊ညနေ)ကျွေးမွေးလှူဒါန်းခြင်း၊ ကွေကာအုပ်များလှူဒါန်းခြင်း၊ ငွေပဒေသာပင်လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းများကို ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကုသိုလ်ပြုလှူဒါန်းခဲ့ပါသည်။

၂၀-၇-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အမှုဆောင်များနှင့်အသင်းဝင်များမှ ထီးချိုင့်၊ ကသာ၊ ဗန်မော်မြို့များမှ နေရပ်စွန့်ခွါ ကျောင်းသား/သူ (ကျား/မ)စုစုပေါင်း (၄၈)ဦးကို ပုဆိုး၊ ထမီ၊ အချိုရည်၊ လက်ဖက်အကြော်စုံများ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ တန်ဖိုးသင့်ငွေမှာ ၇၈၅,၀၀၀ ကျပ် ဖြစ်ပါသည်။

၂၀.၇.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်တို့သည် နေပြည်တော် ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဆေးရုံကြီးတွင် သက်ကြီးပုဂ္ဂိုလ်များအား သွားတု/အံကပ် တပ်ဆင်ပေးခြင်းအခမ်းအနားသို့ တက်ရောက်ကြည်ရှု့ပြီး အဖိုးအဖွားများအား ဌက်ပျောသီးနှင့် ကြက်ဥများ လှူဒါန်းခဲ့ပါသည်။

၂၀.၇.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အမှုဆောင်များနှင့် အသင်းဝင်များစုပေါင်း၍ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ကရုဏာပရဟိတမဟာစည်ကျောင်းတိုက်သို့ သွားရောက်၍ နေ့ဆွမ်းဆက်ကပ်ပြီး ဝါဆိုသင်္ကန်းများ ဆက်ကပ်ခြင်း၊ နေ့ဆွမ်းအတွက်နဝကမ္မဝတ္ထုငွေ(၅)သိန်းကျပ်နှင့် ရဟန်းလွယ်အိတ်များ၊ ဆန်၊ ဆီ၊ ကြက်သွန်များ၊ အချိုရည်များ၊ လက်ဖက်အကြော်စုံများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆောက်လုပ်ဆဲ ကျောင်းတော်ကြီးအတွက်လည်း (၅)သိန်းကျပ် ပါဝင်လှူဒါန်း ကုသိုလ်ပြုခဲ့ကြပါသည်။ (လှူဒါန်းငွေစုစုပေါင်းမှာ- (၁၈၉၀,၀၀၀)ကျပ်ဖြစ်ပါသည်)

၁၂.၇.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဇူလိုင်လ လှူဒါန်းမှုအဖြစ် မဟာမြတ်မုနိဘုရားကြီး မျက်နှာသစ်တော်ပြုပေးနေသော ရေတော်ဆရာတော်ကြီးကျောင်းသို့သွားရောက်၍ ဝါဆိုသင်္ကန်း(၂)စုံ၊ အလှုငွေ(၅)သိန်း၊ သောက်ရေသန့်ဗူး(၂၀)ကပ်၊ စုစုပေါင်းလှူဒါန်းငွေ-(၆၈၀,၀၀၀) ကျပ်ကို ဥက္ကဌ၊ ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူးနှင့်အတူ အသင်းဝင်များ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ဒက္ခိဏာရာမဘုရားကြီး တိုက်၊ ဒေါနခြံအုတ်ကျောင်း၊ (ဆရာတော်ကြီးကျောင်း)မှာလည်း ငလျင်ဒဏ်ကြောင့် အားလုံးပြိုကျ ပျက်စီးသွားသည်ကို တွေ့ရှိရပါသည်။