Myanmar

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေးသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၈.၉.၂၀၂၅ ရက်နေ့မှ ၁၂.၉.၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် Child Protection Capacity Development : Strengthening Social Service Workforce, in Light of Disaster Risk Reduction and Climate Resilience (Phase 2) Training Program သင်တန်းသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၉.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်ဝတ်ရည် သည် ပဲခူးမြို့၊ မြို့တော်ခန်းမတွင်  “ဒစ်ဂျစ်တယ် ခေတ်ကိုလိုက်မီဖို့ စာတတ် မြောက်ရေးမြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၉.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်မော်မော်ထွန်း သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာခန်းမ၌ ကျင်းပပြုလုပ်သော  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

၅-၉-၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဆွေဆွေတင့် သည် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သော  အမျိုးသမီးကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၄.၉.၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သုဓမ္မသိင်္ဂီ ဒေါက်တာကေသီအောင် နှင့် အလုပ်အမှုဆောင် ၄ ဦးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ Community Centre တွင် ကျင်းပပြုလုပ်သော ခိုင်မေတ္တာအကူသူနာ ပြုသင်တန်း အမှတ်စဉ် ၄၇ ဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးပြုလုပ်ခြင်း

အစည်းအဝေးပြုလုပ်ခြင်း

၄.၉.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ နာယက ဒေါက်တာဝေဝေသာ ၊ ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း နှင့် ဗဟိုအလုပ်အမှုဆောင်များသည် ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ အသင်းဗဟိုရုံးခန်းတွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်တင်စိန်နှင့် အလုပ်အမှုဆောင်များအား ရင်းရင်းနှီးနှီးလက်ခံတွေ့ဆုံ၍ အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဆောင်ရန်ရှောင်ရန်ရှိသည်များနှင့် လုပ်ငန်းလမ်းညွှန်ချက်များအား ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲအပြီးတွင် ရန်ကုန်တိုင်း အလုပ်အမှုဆောင် ဒေါ်သန်းသန်းစိန် က ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းအတွက် ငွေကျပ် (၅၀) သိန်း