Myanmar

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကျိုက်ထိုမြို့ နယ်၊ ကော်ကပ်ကျေးရွာနှင့် ချောင်းစောက်ရွာသစ်တွင် ကူညီ လှူဒါန်းမှု

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကျိုက်ထိုမြို့ နယ်၊ ကော်ကပ်ကျေးရွာနှင့် ချောင်းစောက်ရွာသစ်တွင် ကူညီ လှူဒါန်းမှု

၄.၂.၂၀၁၇ MWCDF အသင်းမှ ကျိုက်ထိုမြို့နယ်၊ ကော်ကပ်ကျေးရွာနှင့် ချောင်းစောက်ရွာသစ် ကျေးရွာရှိ ကျေးရွာမူလတန်းကျောင်းများသို့ စာရေးကရိယာများနှင့် ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းပေးခဲ့ပါသည်။ ထို့နောက် ချောင်းစောက်ရွာသစ်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆေးဝါးကုသပေးခြင်းနှင့် လိုအပ်သောဆေးဝါးများ ပံ့ပိုးလှူဒါန်းခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကျိုက်ထိုမြို့ နယ်၊ ချောင်းစောက်ရွာသစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကျိုက်ထိုမြို့ နယ်၊ ချောင်းစောက်ရွာသစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ခြင်း

၄. ၂. ၂၀၁၇ MWCDFအသင်းမှ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ နယ်၊ ချောင်းစောက်ရွာသစ်တွင် ကျေးလက်နေပြည်သူများလမ်းပန်းဆက် သွယ်ရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် တံတားဆောက်လုပ်လှူဒါန်းဖွင့်လှစ်ပေးခြင်း၊ ဆေးခန်းဖွင့်လှစ်ခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ ပညာရေးလှုပ်ရှားမှု

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ ပညာရေးလှုပ်ရှားမှု

၂၉.၁.၂၀၁၇ မန္တလေးမြို့မှ MWCDFအဖွဲ့ဝင်များသည် မန္တလေးမြို့-MIIT၌ကျင်းပပြုလုပ်သော ကလေးစာပေပွဲတော်သို့ အနာဂါတ်ရဲ့မျိုးဆက်သစ် ကျောင်းသား/သူများ ပညာ့အားမာန် ပြည့်စေရန်ရည်ရွယ်၍ ပို့ဆောင်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့် Mrs. Deborah Livingstone, Consultant(UK Department for International Development, DFID)၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးခြင်း

၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၃)ရက်နေ့၊ နံနက်(၈း၄၅)နာရီတွင် The UK Department For International Development(DFID)မှ Mrs. Deborah Livingstone, Consultant၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းနှင့် မခင်ခင်မရ(National Consultant)တို့သည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW)(၂၀၁၃-၂၀၂၂)အား ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လမ်းပြမြေပုံဆိုင်ရာညှိနှိုင်းရေးနှင့်ပတ်သက်၍ MWCDF ရုံးချုပ်၊ နေပြည်တော်သို့လာရောက်၍ အသင်းမှ CECများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အသင်းမှလည်း NSPAWမှ ချမှတ်ထားသော မူဝါဒများနှင့်အညီလုပ်ဆောင်ထားခဲ့မှုများနှင့် ရှေ့ဆက်လုပ်မည့် Future Planများကို ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ ပါဝင်လှုပ်ရှားဆောင်ရွက်မှု

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ ပါဝင်လှုပ်ရှားဆောင်ရွက်မှု

၁.၂.၂၀၁၇ ကယားပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းကို ရှားတောမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ ကက်သလစ်ဓမ္မရုံ၌ ဖွင့်ပွဲအခမ်းအနားကျင်ပပြုလုပ်ခဲ့ရာ မြို့နယ် MWCDFအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလ(၁)လကြာမြင့်မည်ဖြစ်ပါသည်။