Myanmar

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ရန်ကုန်မြို့၊ မျက်မမြင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ရန်ကုန်မြို့၊ မျက်မမြင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

၁၇.၁.၂၀၁၇ MWCDFအသင်း ဥက္ကဌ ဒေါက်တာ ဒေါ်ဝေဝေသာနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တို့သည် ရန်ကုန်မြို့၊ မျက်မမြင်ကျောင်းသို့သွားရောက်၍ မျက်မမြင်များ အသုံးပြုသောနာရီများ၊ ဗလာစာအုပ်များနှင့် အလှူငွေများ သွားရောက်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့်ပူးပေါင်း၍ Needs Assessment Project Proposalရေးရန်အတွက် Freelance Developmentမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့်ပူးပေါင်း၍ Needs Assessment Project Proposalရေးရန်အတွက် Freelance Developmentမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း

(၁၉.၁.၂၀၁၇)နေ့၊ မွန်းလွဲ(၂း၀၀)နာရီတွင် Hong Kong မှ Freelance Development Project Technician, Ms. Lisa Marie Chaiသည် မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ရှိကျေးရွာများနှင့်ပတ်သက်ပြီး MWCDFနှင့်ပူးပေါင်း၍ Needs Assessment Project Proposalရေးရန်ကိစ္စအတွက် MWCDFရန်ကုန်ရုံးသို့လာရောက်၍ အသင်းမှ ဥက္ကဌ၊ CEC(၂)ဦး၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ (၂၄)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ (၂၄)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

၁၇.၁.၂၀၁၇ ရက်နေ့တွင် (၂၄)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား MWCDF အသင်းရုံးခွဲ၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အရေးပေါ်ကူညီလှူဒါန်းမှု

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အရေးပေါ်ကူညီလှူဒါန်းမှု

၁၆.၁.၂၀၁၇ MWCDF အသင်းမှ နေပြည်တော်ကန်ပြားလမ်း ဝါးကားတိမ်းမှောက်မှုတွင် မိသားစုလိုက်အသက်ဆုံးရှုံးမှုဖြစ်ရာ ကျန်ရစ်ခဲ့သော သဲကျွန်းကျေးရွာမှ မသန်စွမ်း မောင်ဇင်အောင်နှင့် မမိုးနွယ်တို့အား ထောက်ပံ့ငွေ(၅၀,၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါ သည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ အဖွဲ့ဝင်အလှူရှင်များမှလည်း ပါဝင်လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ အဖွဲ့ဝင်အလှူရှင်များမှလည်း ပါဝင်လှူဒါန်းခြင်း

၅.၁.၂၀၁၇ ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာစာကြည့်တိုက်တွင်လျှပ်စစ်မီးသွယ်တန်းနိုင်ရန်အတွက် ဦးဝင်းရှိန်+ဒေါ်စုညွန့်ဦး (မိသားစု)မှ အလှူငွေ(၂)သိန်းကျပ်နှင့် မအူလေးပင် ကျေးရွာမသန်စွမ်းနေအိမ် လျှပ်စစ်မီးသွယ်တန်းနိုင်ရန်အတွက် ဦးသန့်စင်+ ဒေါ်အေးအေးခိုင်(မိသားစု)မှ အလှူငွေ(၃)သိန်းကျပ် စုစုပေါင်းလှူဒါန်းငွေ-(၅၀၀၀၀၀)ကျပ်အား MWCDF အသင်း CEC များမှ မအူလေးပင်ကျေးရွာ ဥက္ကဌထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)သို့ Industrial bank of Koreaမှအလှူငွေပေးအပ်လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)သို့ Industrial bank of Koreaမှအလှူငွေပေးအပ်လှူဒါန်းခြင်း

၁၂.၁.၂၀၁၇ ရန်ကုန်မြို့ MWCDF ရုံးခွဲသို့ Industrial bank of Koreaမှ တာဝန်ရှိသူများလာရောက်၍ အလှူငွေများ ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဌနှင့်CECများမှ လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းနှင့် အသင်းဥက္ကဌမှ အသင်း၏လုပ်ဆောင်ချက်မှတ်တမ်းဓါတ်ပုံများအား ရှင်းလင်းပြောပြပေးခဲ့ပါသည်။ အသင်းဥက္ကဌမှ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခြင်း[/caption]