Myanmar

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ ဆောင်ရွက်ချက်များအနက် တခုအပါအဝင်ဖြစ်သည့် ကိုယ်လက်လှုပ်ရှားအားကစား

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ ဆောင်ရွက်ချက်များအနက် တခုအပါအဝင်ဖြစ်သည့် ကိုယ်လက်လှုပ်ရှားအားကစား

၄. ၁. ၂၀၁၇ MWCDFအသင်းမှ အဖွဲ့ဝင်များသည် (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကယားပြည်နယ်၊ ရှားတောမြို့တွင် မူကြိုကလေးငယ်များအား ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ နှစ်စဉ်ပညာရေးကူညီလှူဒါန်းမှု

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ နှစ်စဉ်ပညာရေးကူညီလှူဒါန်းမှု

၃.၁.၂၀၁၇ MWCDFအသင်းမှ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူများအား ဆုချီးမြှင့်နိုင်ရန်အတွက် အသင်းတံဆိပ်ပါဗလာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ထောက်ပံ့ကူညီလှူဒါန်းမှု မှတ်တမ်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ထောက်ပံ့ကူညီလှူဒါန်းမှု မှတ်တမ်း

၃၁.၁၂.၂၀၁၆ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ လစဉ်ထောက်ပံ့လှူဒါန်းမှုတခုဖြစ်သည့် ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာနေ မသန်စွမ်းညီအစ်မနှစ်ဦးနေအိမ်သို့ အသင်း CECများနှင့် အဖွဲ့ဝင်များသွားရောက်၍ အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ထောက်ပံ့ကူညီလှူဒါန်းမှု မှတ်တမ်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ထောက်ပံ့ကူညီလှူဒါန်းမှု မှတ်တမ်း

၃၁.၁၂.၂၀၁၆ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) အသင်းမှ CECနှင့်အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ် မအူလေးပင်ကျေးရွာသို့သွားရောက်ကာ ကျေးရွာအဖွဲ့ဝင်များနှင့်တွေ့ဆုံခြင်း၊ MWCDF အသင်းမှ ပညာ့မဏ္ဍိုင်စာကြည့်တိုက်အတွက် လစဉ်ထုတ်စာအုပ်များ၊ မဂ္ဂဇင်းများဝယ်ယူရန် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ရတနာစံပြကျောင်းတိုက် “ အမှတ်(၅)ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းလွန်ကျောင်းဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ  ရတနာစံပြကျောင်းတိုက် “ အမှတ်(၅)ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းလွန်ကျောင်းဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်ခြင်း

၃၁.၁၂.၂၀၁၆ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ CECများနှင့် အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ သဲကျွန်းကျေးရွာ၊ ရတနာစံပြကျောင်းတိုက် “ အမှတ်(၅)ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းလွန်ကျောင်းဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်ခဲ့ပြီး ကျောင်းထိုင် ဆရာတော်အား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် မြဝတီရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့မှ MWCDFအသင်း၏လှူဒါန်းမှုများတွင် ရတနာစံပြကျောင်းတိုက်၌ လှူဒါန်းပေးထားသည့်မှတ်တမ်းများတွေ့ရှိရသည့်အတွက် MWCDFအသင်း၏ လုပ်ငန်းစဉ်များနှင့် ကူညီလှူဒါန်းနေမှုများအား မေးမြန်းရာ MWCDF အသင်း တွဲဘက်အတွင်းရေးမှူးမှ MWCDFအသင်း၏ ” လုံခြုံလှပဘဝများ အမျိုးသမီးနှင့် ကလေးတိုင်းရစေသား” ဆိုသည့် ဆောင်ပုဒ်နဲ့အညီ လိုအပ်နေသောဒေသများတွင် ပညာရေး၊

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ခေမာရာမသီလရှင်စာသင်တိုက်နှင့် ပရဟိတကျောင်းသို့ ကူညီလှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ခေမာရာမသီလရှင်စာသင်တိုက်နှင့် ပရဟိတကျောင်းသို့ ကူညီလှူဒါန်းခြင်း

၃၀.၁၂.၂၀၁၆ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ လစဉ်လှူဒါန်းမှုတခုဖြစ်သော သန်လျင်မြို့၊ ခေမာရာမသီလရှင်စာသင်တိုက်နှင့် ပရဟိတကျောင်းသို့ ဆန်၊ ဆီ၊ ကြက်သွန်၊ ဗလာစာအုပ်၊ စာရေးကရိယာ၊ ကျောင်းဝတ်စုံများ၊ သီလရှင်ဝတ်စုံများနှင့် လစဉ်အလှူငွေများ အစရှိသည်တို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။ ဤကဲ့သို့ လှူဒါန်းနိုင်ရန်အတွက် အသင်းသို့ ထည့်ဝင်ကူညီလှူဒါန်းပေးကြသော အလှူရှင်များအားလည်း အသင်းမှ ကျေးဇူးအထူးပင်တင်ရှိပါသည်။