Myanmar

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၀-၇-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အမှုဆောင်များနှင့်အသင်းဝင်များမှ ထီးချိုင့်၊ ကသာ၊ ဗန်မော်မြို့များမှ နေရပ်စွန့်ခွါ ကျောင်းသား/သူ (ကျား/မ)စုစုပေါင်း (၄၈)ဦးကို ပုဆိုး၊ ထမီ၊ အချိုရည်၊ လက်ဖက်အကြော်စုံများ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ တန်ဖိုးသင့်ငွေမှာ ၇၈၅,၀၀၀ ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၀.၇.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်တို့သည် နေပြည်တော် ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဆေးရုံကြီးတွင် သက်ကြီးပုဂ္ဂိုလ်များအား သွားတု/အံကပ် တပ်ဆင်ပေးခြင်းအခမ်းအနားသို့ တက်ရောက်ကြည်ရှု့ပြီး အဖိုးအဖွားများအား ဌက်ပျောသီးနှင့် ကြက်ဥများ လှူဒါန်းခဲ့ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၂၀.၇.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အမှုဆောင်များနှင့် အသင်းဝင်များစုပေါင်း၍ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ကရုဏာပရဟိတမဟာစည်ကျောင်းတိုက်သို့ သွားရောက်၍ နေ့ဆွမ်းဆက်ကပ်ပြီး ဝါဆိုသင်္ကန်းများ ဆက်ကပ်ခြင်း၊ နေ့ဆွမ်းအတွက်နဝကမ္မဝတ္ထုငွေ(၅)သိန်းကျပ်နှင့်  ရဟန်းလွယ်အိတ်များ၊ ဆန်၊ ဆီ၊ ကြက်သွန်များ၊ အချိုရည်များ၊ လက်ဖက်အကြော်စုံများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆောက်လုပ်ဆဲ ကျောင်းတော်ကြီးအတွက်လည်း (၅)သိန်းကျပ် ပါဝင်လှူဒါန်း ကုသိုလ်ပြုခဲ့ကြပါသည်။ (လှူဒါန်းငွေစုစုပေါင်းမှာ- (၁၈၉၀,၀၀၀)ကျပ်ဖြစ်ပါသည်)

လှူဒါန်းထောက်ပံ့ခြင်း

လှူဒါန်းထောက်ပံ့ခြင်း

၁၂.၇.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဇူလိုင်လ လှူဒါန်းမှုအဖြစ် မဟာမြတ်မုနိဘုရားကြီး မျက်နှာသစ်တော်ပြုပေးနေသော ရေတော်ဆရာတော်ကြီးကျောင်းသို့သွားရောက်၍ ဝါဆိုသင်္ကန်း(၂)စုံ၊ အလှုငွေ(၅)သိန်း၊ သောက်ရေသန့်ဗူး(၂၀)ကပ်၊ စုစုပေါင်းလှူဒါန်းငွေ-(၆၈၀,၀၀၀) ကျပ်ကို ဥက္ကဌ၊ ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူးနှင့်အတူ အသင်းဝင်များ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ဒက္ခိဏာရာမဘုရားကြီး တိုက်၊ ဒေါနခြံအုတ်ကျောင်း၊ (ဆရာတော်ကြီးကျောင်း)မှာလည်း ငလျင်ဒ‌ဏ်ကြောင့် အားလုံးပြိုကျ ပျက်စီးသွားသည်ကို တွေ့ရှိရပါသည်။

စတုဒီသာကျွေးမွေးလှူဒါန်းခြင်း

စတုဒီသာကျွေးမွေးလှူဒါန်းခြင်း

၁၂.၇.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များနှင့်အတူ အသင်း ဥက္ကဌ က ပဲခူးမြို့ လူမှုရေးကူညီမှုအသင်းကြီး ကလျာဏမိတ္တ အသင်းကြီး၏ ဥက္ကဌ ဦးတင်ဆွေမြင့်ထံ အသင်းကြီး (၂၃) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် လူဦးရေ(၃၀၀၀)စာ စတုဒီသာအလှူအတွက် အလှူငွေ(၂)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

၁၂.၇.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ အလုပ်အမှုဆောင်အစည်းအဝေးအား ကျင်းပပြုလုပ်၍ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှု‌ဆောင်များတက်‌ရောက်ကာ အသင်းကြီး(၁၂)နှစ်မြောက် နှစ်ပတ်လည်အစည်းအ‌ဝေးအတွက် တင်ပြရန်အချက်များအား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း၊ အသင်းသားများ၏ တင်ပြချက်များနှင့် ငွေစာရင်းများကိုရှင်းလင်းတင်ပြကာ လုပ်ငန်းစဉ်များကို ဆွေးနွေးကြပါသည်။