Myanmar

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဇေယျာသီရိမြို့နယ်၊ ရွှေကျရွာ၊ ရွှေကြာပျိုးခင်း အမှတ် (၁)ဘုန်းတော်ကြီးသင်ပညာရေးအလယ်တန်းကျောင်းသို့သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဇေယျာသီရိမြို့နယ်၊ ရွှေကျရွာ၊ ရွှေကြာပျိုးခင်း အမှတ် (၁)ဘုန်းတော်ကြီးသင်ပညာရေးအလယ်တန်းကျောင်းသို့သွားရောက်လှူဒါန်းခြင်း

(၂၂.၉.၂၀၁၆)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဇေယျာသီရိမြို့နယ်၊ ရွှေကျရွာ၊ ရွှေကြာပျိုးခင်း အမှတ် (၁)ဘုန်းတော်ကြီးသင်ပညာရေးအလယ်တန်းကျောင်းသို့သွားရောက်၍ အလှူငွေနှင့်လှူဘွယ်ပစ္စည်းများ၊ စာရေးကိရိယာများ၊ မီးဖိုချောင်းသုံးပစ္စည်းများတို့ကိုလှူဒါန်းခဲ့ပြီး ကျောင်းသား/သူများအား အသင်း၏လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။

မှော်ဘီ မြို့နယ်l ဖူးကြီးကျေးရွာ “ လပြည့်ဝန်း” လူငယ်ဖွံ့ဖြိုးရေးမိသားစုဂေဟာသို့သွားရောက်၍ ဗလာစာအုပ်l ကျောင်းဝတ်စုံများ လှူဒါန်းခြင်းl ကလေးများနှင့်တွေ့ဆုံဆွေးနွေးခြင်း ပုံရိပ်များ

မှော်ဘီ မြို့နယ်l ဖူးကြီးကျေးရွာ “ လပြည့်ဝန်း”  လူငယ်ဖွံ့ဖြိုးရေးမိသားစုဂေဟာသို့သွားရောက်၍ ဗလာစာအုပ်l ကျောင်းဝတ်စုံများ လှူဒါန်းခြင်းl ကလေးများနှင့်တွေ့ဆုံဆွေးနွေးခြင်း ပုံရိပ်များ

(၁၉.၉.၂၀၁၆)နေ့တွင် MWCDF အသင်း၏ လုပ်ငန်းစဉ်တွေထဲမှ တစ်ခုဖြစ်သည့် ပညာရေးကူညီလှူဒါန်းပေးလျက်ရှိသော မှော်ဘီမြို့နယ်l ဖူးကြီးကျေးရွာရှိ “ လပြည့်ဝန်း” လူငယ်ဖွံ့ဖြိုးရေးမိသားစုဂေဟာသို့သွားရောက်၍ ဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများ လှူဒါန်းခြင်းl ကလေးများနှင့်တွေ့ဆုံဆွေးနွေးခြင်း တို့ ပြုလုပ်ခဲ့ပါသည်။    

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ မှော်ဘီမြို့နယ်ရှိ ပါရမီဖြည့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ မှော်ဘီမြို့နယ်ရှိ ပါရမီဖြည့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့သွားရောက်လှူဒါန်းခြင်း

(၁၉.၉.၂၀၁၆)နေ့တွင် MWCDF အသင်း၏လုပ်ငန်းစဉ်တခုဖြစ်သော ပညာရေး ကျေးရွာဖွံ့ဖြိုးရေးအတွက် သွားနေကျနေရာလေးဖြစ်သည့် မှော်ဘီဝါးနက်ချောင်းရှိ ပါရမီီဖြည့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဗလာစာအုပ်များ လှူဖွယ်ပစ္စည်းများသွားရောက် လှူဒါန်းဖြစ်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ Barefoot College တွင် Solar နည်းပညာသင်တန်းတက်ရောက်မည့်တနင်္သာရီတိုင်း ကျွန်းစုမြို့မှ ဒေသခံအမျိုးသမီးကြီးများ မြန်မာနိုင်ငံမှထွက်ခွာသည့်ပုံရိပ်များ

အိန္ဒိယနိုင်ငံ Barefoot College တွင် Solar နည်းပညာသင်တန်းတက်ရောက်မည့်တနင်္သာရီတိုင်း ကျွန်းစုမြို့မှ ဒေသခံအမျိုးသမီးကြီးများ  မြန်မာနိုင်ငံမှထွက်ခွာသည့်ပုံရိပ်များ

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ Solar ဖြင့် ကျေးလက်ဒေသနေအမျိုး သမီးကြီးများအား မိမိဒေသမီးရရှိရေးကိုယ်တိုင်ဆောင် ရွက်နိုင်ရန်ရည်ရွယ်၍ အိန္ဒိယနိုင်ငံ Barefoot College တွင် Solar နည်းပညာသင်တန်းတက်ရောက်မည့် တနင်္သာရီတိုင်း ကျွန်းစုမြို့မှ ဒေသခံအမျိုးသမီးကြီးများ ယနေ့1:45အချိန်တွင်မြန်မာနိုင်ငံမှထွက်ခွာသည့်ပုံရိပ်များ

သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသများသို့သွားရောက်၍ ကူညီစောင့်ရှောက်လှူဒါန်းခြင်းနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးမှုနှင့်နှစ်သိမ့်ဆွေးနွေးခြင်း

သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသများသို့သွားရောက်၍ ကူညီစောင့်ရှောက်လှူဒါန်းခြင်းနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးမှုနှင့်နှစ်သိမ့်ဆွေးနွေးခြင်း

  ၁။မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် CEC အဖွဲ့ဝင်များသည် (၁၈.၈.၂၀၁၆)နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပါရမီရိပ်သာရှိ ရေဘေးကယ်ဆယ်ရေး စခန်းသို့သွားရောက်ခဲ့ပါသည်။ ၂။ အသင်းအနေဖြင့် သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ကျေးရွာများရှိ ပြည်သူများအားအမှန်တကယ် လိုအပ် လျှက်ရှိသော စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်ပေးရန်၊ နှစ်သိမ့်ဆွေးနွေးရန်နှင့် ထောက်ပ့ံကူညီလှူဒါန်းရန်နှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မည့်အချိန်တွင်လည်း ကျန်းမာရေး၊ လူမှုရေး၊ စီမံဆောင်ရွက်ချက်များ အားချိတ်ဆက်၍ ပိုမိုထိရောက်သော ကူညီလှူဒါန်းမှုများဆောင်ရွက်ပေးနိုင်ရန် မျှော်မှန်းခဲ့ပါသည်။ ၃။ ပခုက္ကူမြို့နယ်သည် ရေဘေးသင့်ခဲ့မှုမှာအောက်ပါအတိုင်းဖြစ်ပါသည်- (က) ရေဘေးသင့်ခဲ့သောကျေးရွာ – (၈၈)ရွာ