Myanmar

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

၈.၇.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်(၅)ဦးသည် ပဲခူးတိုင်းဒေသကြီး၊ လူမှု၀န်ထမ်းဦးစီးဌာနမှ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်သည့် အသက် (၃)နှစ် မှ အသက် (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် အခြေခံသင်တန်းဆင်းပွဲကို သင်တန်းသား/သူ (၃၀)ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

သင်တန်းဖွင့်လှစ်ခြင်း

သင်တန်းဖွင့်လှစ်ခြင်း

၆.၇.၂၀၂၅ ရက်နေ့တွင်  နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ မှကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးငယ်များ တဖက်တလမ်းမှ ဝင်ငွေရရှိနိုင်ရန်အတွက် အခြေခံပန်းထိုးသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၆.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ ၊ မုပွန်တိုးချဲ့ရပ်ကွက်ရှိ ကူညီထောက်ပံ့မှု‌ပေးရန်လိုအပ်လျက်ရှိ‌သော မိသားစုများအား ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ၊ ဆား စသည့် လှူဖွယ်ပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုတန်ဖိုးငွေ (၅)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် ဒုဥက္ကဌ တို့သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်လေးမေနှင့် အလုပ်အမှုဆောင်(၁၀)ဦးတို့သည် မြစ်ကြီးနားမြို့၊ အားကာခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အသင်းမှ အမျိုးသမီးငယ်လေးများက ရှမ်းအကဖြင့်ဖျော်‌ဖြေ တင်ဆက်ကပြခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ခံရခြင်းနှင့် လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် အတွင်းရေးမှူး ဒေါ်မိုးသီတာသိန်း သည်လည်း လူမှုထူးချွန်ဆု ချီးမြှင့်ခြင်းခံရသည့်အတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်​နေ့တွင်ကျ​ရောက်​သော မြန်မာအမျိုးသမီးများ​နေ့အခမ်းအနားကို မကွေးတိုင်း​ဒေသကြီး၊ မကွေးမြို့​ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်​ရောက်ခဲ့ပြီး အသင်း၏လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများပါဝင်ပြသခဲ့ကြပါသည်။