Myanmar

ဆုလက်ခံရရှိခြင်း

ဆုလက်ခံရရှိခြင်း

၂၂.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်သော (၃၁)ကြိမ်မြောက် ပခုက္ကူဦးအုန်းဖေ တည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ စာကြည့်တိုက်စာအုပ်ဆုနှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်ပွဲသို့တက်ရောက်၍ ဒေါက်တာ နန္ဒာမွှန်းရေးသားထားသော “ သတင်းစာထဲကဆောင်းပါးများ၊ ဆောင်းပါးများထဲကသတင်းများ” စာအုပ်ဖြင့် ပခုက္ကူဦးအုန်းဖေ စာကြည့်တိုက်စာအုပ်ဆုကို လက်ခံရရှိခဲ့ပါသည်။             ဆုချီးမြှင့်ပွဲအခမ်းအနားတွင် တစ်သက်တာစာပေဆုအပါအဝင် ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုပေါင်း အုပ်ဆု၊ ကဗျာပေါင်းချုပ်ဆု၊

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ တွဲဖက်အတွင်းရေးမှူး(၂) ဒေါ်နော်နီဆက်တင်ထူးက အသင်းကိုယ်စား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် (၂၁.၈.၂၀၂၅ မှ ၂၂.၈.၂၀၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Women Peacebuilders for Capacity Building II of the ASEAN-IPR Women in Peace Processes Programme သို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

၂၁.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေး နှင့် ရုံးအဖွဲ့(၂)ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက Grand Amara Hotel တွင် ကျင်းပပြုလုပ်သော အာဆီယံဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစီမံချက်ဆိုင်ရာ နိုင်ငံအဆင့်အကြံပြုဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၇.၈.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်မြတ်မြတ်မိုး နှင့် အလုပ်အမှုဆောင် (၂)ဦးသည် ပြည်နယ် ကျန်းမာရေးဦးစီးဌာနက တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ် ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား “ကလေးများ အနာဂါတ်လှပဖို့၊ မိခင်နို့ချိုတိုက်ကျွေးလို့ ရင်းနှီးမြှုပ်နှံကြပါစို့” “လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့”သို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၇.၈.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဌ ဒေါ်ခင်သန်းမြင့် သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသား/သူများနှင့် ဂုဏ်ထူးသင် ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်၍ ကျောင်းသား/သူများအား ဆုချီးမြှင့် ပေးအပ်ခဲ့ပါသည်။

အခြေခံသင်တန်းတက်ရောက်ခြင်း

အခြေခံသင်တန်းတက်ရောက်ခြင်း

၁၅.၈.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ အသင်းဝင် ၂ ဦးသည် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သော အသက် (၃)နှစ်မှ (၅)နှစ်အထိ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD) အခြေခံသင်တန်းကို ၁၅.၈.၂၀၂၅ ရက်နေ့မှ ၄.၉.၂၀၂၅ ရက်နေ့အထိ တက်ရောက်သွားမည် ဖြစ်ပါသည်။