Myanmar

သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား

သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား

(၃.၇.၂၀၂၅) မော်လမြိုင်မြို့၊ ဂွေးကုန်းကျေးရွာအမကတွင် ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ မွန်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပါဝင်ပူးပေါင်းစိုက်ပျိုးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၅) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ၊ ဇွဲကပင်ခန်းမ၌ကျင်းပသော အမျိုးသမီးများနေ့အခမ်းအနားတွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင် (၅)ဦး တက်ရောက်ပါသည်။ ဆုရရှိသူ (၁၀) ဦးအနက် (MWCDF ကရင်) အသင်းမှ (၃)ဆုကို ဆုငွေ- (၁၅၀၀၀၀)ကျပ် ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၅)ရက်နေ့တွင် ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အမှု‌ဆောင်များ တက်ရောက်၍ အသင်းလှုပ်ရှားမှုဓါတ်ပုံမှတ်တမ်းများအား ပါဝင်ပြသရှင်းလင်း တင်ပြခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှုး နှင့် အသင်းဝင်များသည် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ Y MANDALAY Hotal တွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အသင်း၏လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ ပါဝင်ပြသခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် နေပြည်တော် MWCDFအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပရာ တက်ရောက်ခဲ့ကြပါသည်။ အထိမ်းအမှတ်အခမ်းအနားတွင် အသင်းမှ မြန်မာ့သနပ်ခါးစစ်စစ်‌ ရေဖျော်လိမ်းမှုန့်ပေါင်ဒါ၊ အာလူးကြော်နှင့် ကြေးပစ္စည်းများ ခင်းကျင်းပြသခဲ့ပါသည်။ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကဏ္ဍအလိုက်ထူးချွန် အမျိုးသမီးများအား ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် အမျိုးသားစာပေးဆုရရှိသူ (ပဲခူးတိုင်း)

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်တို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာတမ်းဖတ်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ နေ့လယ် (၁၃:၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၌ ကျင်းပရာ အခမ်းအနားတွင် ကဏ္ဍအလိုက်ထူးချွန်အမျိုးသမီးများအား ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် အမျိုးသားစာပေဆုရရှိသူ (ပဲခူးတိုင်း) MWCDF အသင်း ဥက္ကဋ္ဌ