Myanmar

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၇.၂၀၂၃)နေ့တွင် MWCDF အသင်းမှ  တွဲဘက်ဘဏ္ဍာရေးမှူးနှင့် အဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက်အထိမ်းအမှတ်အနေဖြင့် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ မုန်လာဥချဉ်ရည်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ ဆက်လက်ပြီး ဆေးရုံအုပ်ကြီးနှင့်တွေ့ဆုံ၍ ဆေးရုံအတွက် Hand Sanitizer Gel ဘူများ ပေးအပ် လှူဒါန်းခဲ့ပါသည်။

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

(၁၃.၇.၂၀၂၃)နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်(၆)လမှ (၃)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၁၃.၇.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း( ၂၀၂၃-၂၀၃၂)တွင် ထည့်သွင်းရန် အမျိုးသမီးများနှင့် လူ့အခွင့်အရေးကဏ္ဍနှင့် စပ်လျဉ်းသည့် မူဘောင်(မူကြမ်း)ကို ပြင်ဆင်၊ ဖြည့်စွက်ရေးဆွဲမည့် ညှိနှိုင်းဆွေးနွေးပွဲသို့ MWCDF အသင်းမှ CEC တက်ရောက်ခဲ့ပါသည်။

ထူးချွန်စာအောင်ဆုရရှိသော ဆရာတော်အား လှူဒါန်းခြင်း

ထူးချွန်စာအောင်ဆုရရှိသော ဆရာတော်အား လှူဒါန်းခြင်း

(၁၀.၇.၂၀၂၃)နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မဟာစည်မြို့မ ယဉ်ငေးသာသနာ့ရိပ်သာတွင် ကျင်းပပြုလုပ်သည့် ဗုဒ္ဓယဉ်ကျေးမှုအခြေပြုသင်တန်းတွင် ထူးချွန်စာအောင်ဆုရရှိသော ဆရာတော်အား တနင်္သာရီတိုင်း MWCDF အသင်းမှ အလှူငွေကပ်လှူခဲ့ပါသည်။

မသန်စွမ်းလေးများ၏ ဘောလုံးပြိုင်ပွဲတွင် ပါဝင်လှူဒါန်းမှု

မသန်စွမ်းလေးများ၏ ဘောလုံးပြိုင်ပွဲတွင် ပါဝင်လှူဒါန်းမှု

(၈.၇.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပသည့် မသန်စွမ်း (Autism)လေးများ၏ ဘောလုံးပြိုင်ပွဲတွင် အအေး၊ မုန့်၊ ရေသန့်ဘူး၊ မျက်နှာသုတ်ပုဝါနှင့် ပန်းစည်းများ ပေးအပ်ကာ အားပေးကြည့်ရှခဲ့ပါသည်။