Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၉.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ကျင်းပသော မြန်မာ့ဂီတနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို မွန်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၈.၆.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်ရှိ အောင်တော်မူ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း အောင်တော်မူကျောင်းအတွက် စာအုပ်(၁၀)ဒါဇင်၊ ဘောပင်၊ ခဲတံ၊ မင်ဖျက်ဆေး၊ ခဲဖျက်နှင့် အထပ်သား ၅ ချပ်တို့ကို ဆရာတော်ထံ လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းမှုမှာ ၅၀၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

သစ်ပင်စိုက်ပျိုးခြင်း

သစ်ပင်စိုက်ပျိုးခြင်း

၂၇.၆.၂၀၂၅ ရက်‌နေ့တွင် ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို တနင်္သာရီတိုင်း အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ၂ ဦး တက်ရောက်၍ စုပေါင်းပါဝင်စိုက်ပျိုးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၆.၆.၂၀၂၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအခမ်းအနားကို မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၆.၆.၂၀၂၅ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမမှာ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၆.၆.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး MCC ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဆင်ယင်ရှုမဝသုံးရာသီအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေး သူငယ်များဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဌ နှင့် အမှုဆောင်နှစ်ဦးတက်ရောက်ခဲ့ကြပါသည်။