Myanmar

အမှတ်(၂၀၇)မူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အမှတ်(၂၀၇)မူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၇.၇.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ အမှတ်(၂၀၇)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းခဲ့ပါသည်။

ဘုံကျော်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဘုံကျော်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၇.၇.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် ငပုတောမြို့နယ်၊ ဘုံကျော်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ အလှူငွေ၊ စာရေးကိရိယာနှင့် မုန့်များ လှူဒါန်းခဲ့ပါသည်။

အ.ထ.က (၁၀)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အ.ထ.က (၁၀)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁.၇.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ အ.ထ.က(၁၀) ကျောင်း မူလတန်းရှိ KG, Great – 1 တွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအတွက် ကျောင်းသုံးစာရေးကိရိယာများ သွားရောက်လှူဒါန်းခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခြင်း

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခြင်း

(၄.၇.၂၀၂၃ မှ ၆.၇.၂၀၂၃)ရက်နေ့အထိ တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်(၁)ဦးသည် ထားဝယ်မြို့တွင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် “တိုင်းရင်းသားစာပေယဉ်ကျေးမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့ပါသည်။

လူငယ်ရေးရာအသိပညာပေးစာပေဟောပြောပွဲ

လူငယ်ရေးရာအသိပညာပေးစာပေဟောပြောပွဲ

(၆.၇.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အ.ထ.က ရွှေစက်တွင် ကျင်းပပြုလုပ်သည့် “လူငယ်ရေးရာ အသိပညာပေးစာပေဟောပြောပွဲ” သို့ တက်ရောက်ခဲ့ပြီး တန်ဖိုးငွေ-(၃)သိန်းကျပ်ရှိ ဗဟုသုတစာအုပ်စာပေများကို လှူဒါန်းပေးခဲ့ပါသည်။

အ.ထ.က(၁၂)ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်းခြင်းအခမ်းအနား

အ.ထ.က(၁၂)ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်းခြင်းအခမ်းအနား

(၄.၇.၂၀၂၃)ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက ဥတ္တရခရိုင်၊ အခြေခံပညာဦးစီးဌာန အ.ထ.က(၁၂)ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်းခြင်းအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဒုဥက္ကဌ(၂)ဦး၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တိုင်းအဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင်- ပညာရေးနှင့်ပတ်သက်သည့် Video Clip ပြသခြင်း၊ မိုခါမုန်တိုင်းနှင့်ပတ်သက်သည့် မှတ်တမ်း Video Clip ပြသခြင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဒုတိယဥက္ကဌက