Myanmar

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

၃.၈.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အသင်း၏ (၁၂)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးကောက်နှုတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးခြင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၃.၈.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၃)ဦးသည် လားရှိုးမြို့ ၊ မိုးကုတ်ရိပ်သာတရားစခန်းတွင် ဝါတွင်း ၃ လ ဥပုတ်သီလဆောက်တည်နေသော သက်ကြီးယောဂီများနှင့် ဥပုတ်သည်များအား အသင်းအမှုဆောင်များက ဆန်၊ ဆီ၊ မုန့်၊ ဌက်ပျောသီးများနှင့် အလှူငွေ (၆၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁၅၀,၀၀၀)ကျပ် လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၃.၈.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၃)ဦးသည် လားရှိုးမြို့ရှိ အသက် ၈၃ နှစ်ရှိ သက်ကြီး အသင်းအမှုဆောင် ဒေါ်ယဉ်ကြည် အား အသင်းမှ ကူညီထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂.၈.၂၀၂၅ ရက်‌နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရေကြီးမှုကြောင့်ရေဘေးခံစားနေရသော ဇမ္ဗူမြိုင် ဘုန်းကြီးကျောင်းအတွက် နဝကမ္မ (၂) သိန်းကျပ် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကရင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဇမ္ဗူမြိုင်သီလရှင် စာသင်တိုက်ရှိ သီလရှင် ( ၁၆၅ )ပါးအတွက် နဝကမ္မ ( ၁၃၀၀၀၀ )ကျပ်နှင့် လိုအပ်သောပစ္စည်းဖြစ်သော အချိုမှုန့် ပေါင်ထုတ် (၁၀) ထုတ်၊ အာလူး (၂) အိတ်၊ ဆီ (၂)လီတာ (၂)ဘူး၊

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂.၈.၂၀၂၅ ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ရေကြီးမှုကြောင့် ရေဘေးခံစားနေရသော သုခဝတီသီလရှင်စာသင်တိုက် သီလရှင်(၁၁၅)ပါးအတွက် နေ့ဆွမ်းလှူဒါန်းခြင်း၊ ဘုရားပန်းနှင့် လိုအပ်သောပစ္စည်းဖြစ်သော အချိုမှုန့်ပေါင် ထုတ်(၁၀)ထုတ်၊ အာလူး (၂) အိတ်၊ ဆီ (၂)လီတာ (၂)ဘူး၊ ဆပ်ပြာ (၂) လီတာ (၂)ဘူး၊ အမျိုးသမီးအသုံးဆောင်(၆၀)ထုတ်ကို စုစုပေါင်းလှူဒါန်းငွေ-(၁,၀၀၉,၀၀၀) ကျပ် လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂.၈.၂၀၂၀၂၅ ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကရင်ပြည်နယ် ဘားအံမြို့အမှတ်( ၄ )ရပ်ကွက် အမက(၁၁) ကျောင်း၌ ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၅၄)စု၊ လူဦးရေ(၂၅၀) ဦးအတွက် ယနေ့ညနေစာထမင်းဗူး (၂၅၀)ထုတ်၊ မားမားခေါက်ဆွဲခြောက် (၁၈)ဖါ၊ ပဲနို့ဗူးသေး(၁၂၀)၊ ကြက်ဥကိတ် (၁၅၀)ခုတို့ကို စုစုပေါင်းလှူဒါန်းမှုငွေ-(၁,၅၈၀,၀၀၀)ကျပ် ပေးဝေထောက်ပံ့ခဲ့ပါသည်။