Myanmar

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၄.၆.၂၀၂၅ ရက်‌နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၂ ဦးတို့သည် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်အတွင်းရှိ မသန်စွမ်း ၃ ဦး၊ ရပ်ကွက်မှစောင့်ရှောက်ထားသော အဘိုး/အဘွား ၃ ဦး ၊ ဖခင်မဲ့ နွမ်းပါးမိခင်  ၄ ဦးတို့အား တစ်ဦးလျှင် ဆန်(၂) ပြည်၊ ကြက်သွန်(၁)ပိဿာ၊ ဆား(၂) ထုပ်၊ ကြက်ဥ(၁၀)လုံးနှင့် ငွေသား ၁၀၀၀၀/-ကျပ်စီကို အိမ်တိုင်ယာရောက် သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ပါသည်။ နွမ်းပါးစျေးသည် ၁ ဦးအားလည်း

ဂါရဝပြုလက်ဆောင်များပေးအပ်ခြင်း

ဂါရဝပြုလက်ဆောင်များပေးအပ်ခြင်း

၂၃.၆.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် လာရောက်တွေ့ဆုံပြီး အသင်း(၂)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၃.၆.၂၀၂၅ ရက်နေ့တွင် နေ့လည် ၄:၃၀ အချိန်တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့နှင့် လွိုင်ကော်မြို့တို့မှ စစ်ဘေးရှောင် ရပခ၊ တိုင်းမှ တာဝန်ယူကာ မဆရ(၂)တွင် စောင့်ရှောက်ထားသည့် ကျောင်းသား ၃၅ ဦးအား မိုးရာသီတွင်လိုအပ်သော ထီး ၃၅ လက်အား ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၈ ဦးတို့က သွားရောက်လှူဒါန်းကာ ဥက္ကဌမှ ကျောင်းသားကလေးများအား စိတ်ခွန်အားမြှင့်တင်စေရေးအတွက် အားပေးစကားပြောကြားခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၂၃.၆.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များသည် ဒက္ခိဏသီရိမြို့နယ်၊ ကျောက်မျက်ပြကွင်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ထားသော သားဖွားမီးယပ်အထူးကု‌ဆေးရုံကြီး ယာယီဆေးရုံတွင် ဆေးဝါးကုသနေသော အမျိုးသမီးလူနာများနှင့် မီးဖွားမိခင်များ နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်း၊ ချဉ်ရည်ဟင်းနှင့် ခေါက်ဆွဲခြောက်ထုပ်၊ ကော်ဖီမစ်ထုပ်၊ ဘီစကစ်မုန့်တို့ကိုလည်း လက်ရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၂၃.၆.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များစုပေါင်း၍ ငလျင်ဒဏ်ကြောင့် ဒက္ခိဏသီရိမြို့နယ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ထားသော ကလေးအထူးကု‌ဆေးရုံကြီးယာယီဆေးရုံသို့သွားရောက်၍ ဆေးရုံအုပ်ကြီးထံ အလှူငွေနှင့် စားသောက်ကုန်များ လှူဒါန်းခဲ့ပြီးနောက် ဆေးရုံတွင် ဆေးဝါးကုသခံယူနေသော ကလေးလူနာများနှင့် ဆေးရုံဝန်ထမ်းအားလုံးအတွက် နံနက်စာ- ဆန်ပြုတ်၊ နေ့လည်စာ ထမင်း၊ ကြက်သားဟင်း၊ ပုဇွန်ခြောက်ကြော်၊ ကြက်ဥပြုတ်၊ ပဲဟင်း နှင့် ညနေစာ ထမင်းနှင့် ဟင်းတို့ကို တစ်နေ့တာအာဟာရ လှူဒါန်းခြင်း၊ ကလေးလူနာများအား ထောက်ပံ့ငွေနှင့် ခေါက်ဆွဲ‌ခြောက်ထုပ်၊ ကော်ဖီမစ်ထုပ်၊ ဘီစကစ်မုန့်ထုပ်များ လက်ရောက်ပေးဝေ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၂.၆.၂၀၂၅ ရက်နေ့တွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် (ဖုံး၊သွန်၊လဲ၊စစ်)လုပ်ငန်းများ၊ ဆေးခတ်ခြင်းလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း ပညာပေးဟောပြောပွဲသို့ နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌနှင့် ဒုဥက္ကဌတို့ တက်ရောက်ခဲ့ကြပါသည်။