Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၅ ရက်နေ့တွင် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး MCC ခန်းမတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

( ၃. ၇. ၂၀၂၅ )ရက်နေ့တွင် နံနက် (၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင်(၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဥက္ကဌ ဒေါ်ကေသီအောင် အား ၂၀၂၅ခုနှစ် အမျိုးသမီးစီးပွါးရေးစွမ်းဆောင်ရှင်ဆုနှင့် လူမှုထူးချွန်ဆု ရရှိသောကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည့်အတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၅) မော်လမြိုင်မြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ်၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး အသင်း၏လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများပြသခဲ့ကြပါသည်။

သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား

သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား

(၃.၇.၂၀၂၅) မော်လမြိုင်မြို့၊ ဂွေးကုန်းကျေးရွာအမကတွင် ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ မွန်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပါဝင်ပူးပေါင်းစိုက်ပျိုးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၅) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ၊ ဇွဲကပင်ခန်းမ၌ကျင်းပသော အမျိုးသမီးများနေ့အခမ်းအနားတွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင် (၅)ဦး တက်ရောက်ပါသည်။ ဆုရရှိသူ (၁၀) ဦးအနက် (MWCDF ကရင်) အသင်းမှ (၃)ဆုကို ဆုငွေ- (၁၅၀၀၀၀)ကျပ် ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၅)ရက်နေ့တွင် ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အမှု‌ဆောင်များ တက်ရောက်၍ အသင်းလှုပ်ရှားမှုဓါတ်ပုံမှတ်တမ်းများအား ပါဝင်ပြသရှင်းလင်း တင်ပြခဲ့ကြပါသည်။