Myanmar

လှူဒါန်းထောက်ပံ့ခြင်း

လှူဒါန်းထောက်ပံ့ခြင်း

၁၂.၇.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဇူလိုင်လ လှူဒါန်းမှုအဖြစ် မဟာမြတ်မုနိဘုရားကြီး မျက်နှာသစ်တော်ပြုပေးနေသော ရေတော်ဆရာတော်ကြီးကျောင်းသို့သွားရောက်၍ ဝါဆိုသင်္ကန်း(၂)စုံ၊ အလှုငွေ(၅)သိန်း၊ သောက်ရေသန့်ဗူး(၂၀)ကပ်၊ စုစုပေါင်းလှူဒါန်းငွေ-(၆၈၀,၀၀၀) ကျပ်ကို ဥက္ကဌ၊ ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူးနှင့်အတူ အသင်းဝင်များ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ဒက္ခိဏာရာမဘုရားကြီး တိုက်၊ ဒေါနခြံအုတ်ကျောင်း၊ (ဆရာတော်ကြီးကျောင်း)မှာလည်း ငလျင်ဒ‌ဏ်ကြောင့် အားလုံးပြိုကျ ပျက်စီးသွားသည်ကို တွေ့ရှိရပါသည်။

စတုဒီသာကျွေးမွေးလှူဒါန်းခြင်း

စတုဒီသာကျွေးမွေးလှူဒါန်းခြင်း

၁၂.၇.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များနှင့်အတူ အသင်း ဥက္ကဌ က ပဲခူးမြို့ လူမှုရေးကူညီမှုအသင်းကြီး ကလျာဏမိတ္တ အသင်းကြီး၏ ဥက္ကဌ ဦးတင်ဆွေမြင့်ထံ အသင်းကြီး (၂၃) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် လူဦးရေ(၃၀၀၀)စာ စတုဒီသာအလှူအတွက် အလှူငွေ(၂)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

၁၂.၇.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ အလုပ်အမှုဆောင်အစည်းအဝေးအား ကျင်းပပြုလုပ်၍ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှု‌ဆောင်များတက်‌ရောက်ကာ အသင်းကြီး(၁၂)နှစ်မြောက် နှစ်ပတ်လည်အစည်းအ‌ဝေးအတွက် တင်ပြရန်အချက်များအား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း၊ အသင်းသားများ၏ တင်ပြချက်များနှင့် ငွေစာရင်းများကိုရှင်းလင်းတင်ပြကာ လုပ်ငန်းစဉ်များကို ဆွေးနွေးကြပါသည်။

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

၈.၇.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်(၅)ဦးသည် ပဲခူးတိုင်းဒေသကြီး၊ လူမှု၀န်ထမ်းဦးစီးဌာနမှ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်သည့် အသက် (၃)နှစ် မှ အသက် (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် အခြေခံသင်တန်းဆင်းပွဲကို သင်တန်းသား/သူ (၃၀)ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

သင်တန်းဖွင့်လှစ်ခြင်း

သင်တန်းဖွင့်လှစ်ခြင်း

၆.၇.၂၀၂၅ ရက်နေ့တွင်  နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ မှကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးငယ်များ တဖက်တလမ်းမှ ဝင်ငွေရရှိနိုင်ရန်အတွက် အခြေခံပန်းထိုးသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၆.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ ၊ မုပွန်တိုးချဲ့ရပ်ကွက်ရှိ ကူညီထောက်ပံ့မှု‌ပေးရန်လိုအပ်လျက်ရှိ‌သော မိသားစုများအား ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ၊ ဆား စသည့် လှူဖွယ်ပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုတန်ဖိုးငွေ (၅)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။