Myanmar

လှူဒါန်းထောက်ပံ့ခြင်း

လှူဒါန်းထောက်ပံ့ခြင်း

၁.၆.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် သီလရှင်စာသင်သား ၁၀၀ ကျော်ရှိသော ငလျင်ဒဏ်သင့်မြဝတီသီလရှင်စာသင်တိုက်ကြီးသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့်(၄)ထပ်ကျောင်း ဆောင်ကြီးမှာ အောက်(၂)ထပ်ပြိုကျပျက်စီးခဲ့မှုများကြောင့် ဖြိုချ၍ပြန်လည်ဆောက်လုပ်ရန်အတွက် သီလရှင်ဆရာကြီးထံ အလှူငွေ ၇ သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၃၁.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌဒေါက်တာဝေဝေသာ၏ဦးဆောင်လှူဒါန်းမှု၊ ပဲခူးတိုင်းဒေသကြီး တိုင်းဥက္ကဋ္ဌဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင်များစုပေါင်း၍ သဘာဝဘေးရှောင်/စစ်ရှောင်မိသားစုများထံသို့သွားရောက်၍ အဝတ်အထည်များနှင့် စားသောက်ကုန်ပစ္စည်းများကိုတန်ဘိုးငွေကျပ် ၁,၂၅၀,၀၀၀/-ခန့်သွားရောက်လှူဒါန်းခဲ့ကြပြီး‌နောက် နှစ်သိမ့်ဆွေးနွေးခြင်းနှင့် အားပေးစကားများပြောကြားခဲ့ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၃၀.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌဒေါ်စုညွန့်ဦး (မိသားစု)နှင့် အလှူရှင်များစုပေါင်း၍ ရန်ကုန်မြို့၊ သလျင်မြို့နယ်၊ ခေမာရာမသီလရှင်စာသင်တိုက်ရှိ သီလရှင်ဆရာကြီးနှင့် စာသင်သီလရှင်ဆရာလေးများအား နေ့ဆွမ်းဆက်ကပ်လောင်းလှူခြင်း၊ အလှူငွေများ၊ သီလရှင်ဝတ်စုံများနှင့် စားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၃၀.၅.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် မိသားစုများနှင့် အမျိုးသမီးကော်မတီဝင် အလှူရှင်များပူး‌ပေါင်း၍ မြန်မာအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)သို့ အလှူငွေနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌဒေါ်မော်မော်ရှိန်၊ အတွင်းရေးမှူးဒေါ်ခင်သီတာထွန်းအပါ အဖွဲ့ဝင် ၆ ဦးမှ တက်ရောက်၍ စုစုပေါင်း ၉၂ ဦးအတွက် (အချိုရည်၊ မုန့်၊ ဆပ်ပြာနှင့် နံနက်ခင်းတနပ်စာ)တန်ဖိုးသင့်ငွေ ၄၅၀,၀၀၀/-ကျပ်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၇.၅.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အကြိုညှိနှိုင်းအစည်းအဝေးသို့ ကချင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ‌တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၇.၅.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြုလုပ်သော ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲကို မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။