အစည်းအဝေးတက်ရောက်ခြင်း

၂၆.၆.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် အမျိုးသမီးကော်မတီ အစည်းအဝေးသို့ ဧရာဝတီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးတက်ရောက် ဆွေးနွေးခဲ့ပါသည်။
Myanmar Women and Children Development Foundation

၂၆.၆.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် အမျိုးသမီးကော်မတီ အစည်းအဝေးသို့ ဧရာဝတီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးတက်ရောက် ဆွေးနွေးခဲ့ပါသည်။

၂၅.၆.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ၊ စီတာပူ အ.ထ.က ကျောင်းအတွက် စက်မှု့လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ပန်ကာ(၈)လုံးသွားရောက် လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၁,၂၆၄,၀၀၀/-ကျပ်ဖြစ်ပါသည်။

၂၅.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ နှင့် အတွင်းရေးမှူးတက်ရောက်ခဲ့ပါသည်။

တနင်္သာရီတိုင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၂၃.၆.၂၀၂၅ မှ ၂၄.၆.၂၀၂၅) ရက်နေ့ထိကျင်းပသော လူမှုသဟဇာတနှင့်လူမှုပေါင်းစည်းရေးသင်တန်းကို တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

၂၄.၆.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီးမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပဲခူးမြို့စာပေဥယျဉ်စာကြည့်တိုက်တို့ ပူးပေါင်းပါဝင်ကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားတွင် ဆုချီးမြှင့်ခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အမျိုးသမီးများနှင့်ပတ်သက်၍ မူးယစ်ဆေးကာကွယ်ခြင်းက ကုသခြင်းထက်ပို၍ကောင်းမွန်သည့် စာဖတ်စကားဝိုင်းကို ဟောပြောခဲ့ကြပါသည်။

၂၄.၆.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၂ ဦးတို့သည် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်အတွင်းရှိ မသန်စွမ်း ၃ ဦး၊ ရပ်ကွက်မှစောင့်ရှောက်ထားသော အဘိုး/အဘွား ၃ ဦး ၊ ဖခင်မဲ့ နွမ်းပါးမိခင် ၄ ဦးတို့အား တစ်ဦးလျှင် ဆန်(၂) ပြည်၊ ကြက်သွန်(၁)ပိဿာ၊ ဆား(၂) ထုပ်၊ ကြက်ဥ(၁၀)လုံးနှင့် ငွေသား ၁၀၀၀၀/-ကျပ်စီကို အိမ်တိုင်ယာရောက် သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ပါသည်။ နွမ်းပါးစျေးသည် ၁ ဦးအားလည်း