ကျောင်းအခြေပြု နွေရာသီယဉ်ကျေးလိမ္မာသင်တန်း – စတုတ္ထနေ့

Myanmar Women and Children Development Foundation
(၃.၄.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ မျိုးဆက်သစ်လူငယ်လူရွယ်များ ယဉ်ကျေးလိမ္မာမှုရရှိစေရန်နှင့် အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဖြစ်လာစေရန်နှင့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့်အညီ ပြုမူကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်၍ ကျောင်းအခြေပြု နွေရာသီယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၁)အား နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂) ကျောင်း၊ ပညာရတနာခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
(၁.၄.၂၀၂၃)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း မဟာဂန္ဓာရုံကျောင်းတိုက်၌ (၂၁-၃-၂၀၂၃ မှ ၃-၄-၂၀၂၃)ရက်နေ့အထိ ကျင်းပနေသော ပဠိပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်နှင် သီလရှင်(၂၉၇)ပါးအား ဝတ္ထုငွေနှင့် အချိုရည်များလှူဒါန်းခြင်း၊ ကြီးကြပ်ဆရာတော် (၂၅)ပါးအား ကိုယ်ပတ်သင်္ကန်းနှင့် အချိုရည် ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
(၁.၄.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့၊ ရန်ကင်းတောင် အရှေ့မြောက်ဘက် သာခိုတောင်ခြေရှိ ရွှေဂူနီပရဟိတ(ဘ.က) ကျောင်းသို့ သွားရောက်၍ ဆရာတော်အားဖူးမျှော်ကာ ကျောင်းရှိ ကလေး (၃၈)ဦးအား အသင်းဗလာစာအုပ်များ၊ အဝတ်လျှော်ဆပ်ပြာများ၊ ကိုယ်တိုက်ဆပ်ပြာအမွှေးခဲများ၊ ပဲနို့များနှင့်မု့န်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။