Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင် နှင့် အတွင်းရေးမှူး ဒေါ်မြတ်မြတ်မိုးတို့သည် ၂၀.၁၁.၂၀၂၅ ရက်နေ့တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် “ ကမ္ဘာ့ကလေးများနေ့” အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် (၁၈.၁၁.၂၀၂၅)ရက်‌နေ့တွင် KMA Hotel ၌ ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ် နိုဝင်ဘာလ(၂၀) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမွန်မွန်ထက် မိသားစု က (၁၉.၁၁.၂၀၂၅)ရက်တွင် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံးကြီးတွင် လိုအပ်နေသောဆေးဝါးများဝယ်ယူနိုင်ရန်အတွက် (၁၅)သိန်းကျပ်လှူဒါန်း‌ပေးမှုအား MWCDF အသင်းမှ မှတ်တမ်းတင်အပ်ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ နှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၁၇.၁၁.၂၀၂၅ ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ ခုတင်-၅၀၀ ဆံ့ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံတက်ရောက်နေသော အမျိုးသမီးလူနာများ၊ လူနာစောင့်များ နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သာဟင်း၊ အချဉ်ရည်ဟင်းတို့ကို လက်ရောက်ပေးဝေ လှူဒါန်းခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၁၆.၁၁.၂၀၂၅ ရက်နေ့တွင် တပ်မတော်သားဖွားမီးယပ်ကလေးအထူးကုဆေးရုံ ခုတင် ၃၀၀ တွင် ဆေးဝါးကုသမှုခံယူနေသော အသင်းအဖွဲ့ဝင်တစ်ဦးအား ထောက်ပံ့ငွေအဖြစ် ၁၀၀,၀၀၀/-ကျပ် ပေးအပ်ခဲ့ပါသည်။

အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း

အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း

ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် လုပ်အမှုဆောင်များသည် ၁၆.၁၁.၂၀၂၅ ရက်နေ့တွင် ဆိပ်ကမ်းသာလမ်းရှိ MWCDF ရုံးချုပ်၌ သံဃာတော်(၃)ပါးပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်း၊ သင်္ကန်းများဆက်ကပ်လှူဒါန်းခြင်း၊ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်ကာ ရေစက်ချအမျှပေးဝေခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းမှုငွေ ၆၀၀,၀၀၀/-ကျပ် ဖြစ်ပါသည်။