အခမ်းအနားတက်ရောက်ခြင်း

၂၂.၅.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌတက်ရောက်ခဲ့ပါသည်။
Myanmar Women and Children Development Foundation

၂၂.၅.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌတက်ရောက်ခဲ့ပါသည်။

၂၂.၅.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနားကို မကွေးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၃ ဦး တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းကြီး၏ (၁၂)နှစ်ပြည့် အခမ်းအနားကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ ၁၉.၀၅.၂၀၂၅ နေ့ နံနက် ၁၁:၃၀ အချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ တောင်ကြီးမြို့တွင် ဆေးကုသမှုခံယူနေသော လူနာဦးရေ ၃၅၀ ကျော်အား ကြက်သားဘူးသီးဟင်း၊ ငါးခြောက်ကြော်နှင့် ထမင်းတို့ကို ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၁၂ ဦးတို့ မှ သွားရောက်လှူဒါန်းခဲ့ပါသည်။

၁၉.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)ရုံးချုပ်၌ အန္တရာယ်ကင်းပရိတ်တရားနာယူပူဇော်ပွဲတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော်များကြွရောက်ပြီးပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပြီးနောက် အသင်း ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှ ငါးပါးသီလခံယူဆောက်တည်ကြကာ နဝကမ္မဝတ္ထုငွေနှင့် သင်္ကန်း၊ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီးနောက် ဆရာတော်နှင့် သံဃာတော်များအား အသီးဖျော်ရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

၁၇.၅.၂၀၂၅ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ မုပွန်ရပ်ကွက်၊ တိုးချဲ့(၅)လမ်းနေ အသက်(၈၀)နှစ် အရွယ် ခိုကိုးရာမဲ့ အဘွားဒေါ်ငွေတင်အား မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဆန် ၊ ဆီ၊ ကြက်ဥနှင့် ငွေသားများထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါသည်။

၁၇.၅.၂၀၂၅ ရက်နေ့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အ.ထ.က(၁၂)ကျောင်းတွင်ဖွင့်လှစ်သင်ကြားနေသော နွေရာသီအင်္ဂလိပ်စာ(4-Skill) Pre-Intermediate level သင်တန်းတွင် သင်တန်းနည်းပြဆရာ/ဆရာမများ၏ သင်ကြားပို့ချပေးနေမှုများ……