Myanmar

အခမ်းအနားတက်ရာက်ခြင်း

အခမ်းအနားတက်ရာက်ခြင်း

၁၆.၅.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံးစဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့်အတူ အဖွဲ့ဝင် ၂ ဦးတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရာက်ခြင်း

အခမ်းအနားတက်ရာက်ခြင်း

၁၅.၅.၂၀၂၅ ရက်နေ့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူး ၂ ဦးတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရာက်ခြင်း

အခမ်းအနားတက်ရာက်ခြင်း

၁၅.၅.၂၀၂၅ ရက်နေ့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေရွယ်ကလေးအားလုံးစဉ်ဆက်မပြတ် ကျောင်းနေရေး အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲသို့ မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၈ ဦးတက်ရောက်ချီးမြှင့်ခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၁၄.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ (၁၂)ပြည့်မွေးနေ့အလှူအဖြစ် အသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များသည် ဒက္ခိဏသီရိ မြို့နယ်၊ ကျောက်မျက်ပြကွင်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ထားသော သားဖွားမီးယပ်အထူးကု‌ဆေးရုံကြီး ယာယီဆေးရုံတွင် ဆေးဝါးကုသနေသော အမျိုးသမီးလူနာများ၊ မီးဖွားမိခင်များ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများအား နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်း၊ ချဉ်ရည်ဟင်းတို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၁.၅.၂၀၂၅ ရက်နေ့ နံနက် ၆:၀၀ နာရီတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ၁၃၈၇ ခုနှစ် ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါတော်နေ့တွင် သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားများကို တောင်ကြီးမြို့ စူဠာမဏိစေတီတော်မြတ်ကြီး၌ နံနက် ၆:၀၀နာရီအချိန်မှစတင်ကျင်းပရာ ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့် လေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် (၄) ဦးတို့တက်ရောက်ကာ သံဃာတော်တစ်ပါးလျှင် လှူဒါန်းငွေ ၅၀၀၀/-ကျပ်နှုန်းဖြင့် သံဃာတော် ၁၀၈ ပါးအတွက် ၅၄၀,၀၀၀/- ကျပ်တိတိလှူဒါန်းခဲ့ကြပါသည်။

သင်တန်းဖွင့်လှစ်ခြင်း

သင်တန်းဖွင့်လှစ်ခြင်း

၁၀.၅.၂၀၂၅ ရက်နေ့မှ ၁၁.၅.၂၀၂၅ ရက်နေ့အထိ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အ.ထ.က(၁၂)ကျောင်းတွင်ဖွင့်လှစ်သင်ကြားနေသော နွေရာသီအင်္ဂလိပ်စာ(4-Skill) Pre-Intermediate level သင်တန်းတွင် သင်တန်းနည်းပြဆရာ/ဆရာမများ၏ သင်ကြား‌ပို့ချပေးနေမှုများ……