Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၆.၅.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ တက်ရောက်ခဲ့ပါသည်။

ဂါရဝပြုတွေ့ဆုံခြင်း

ဂါရဝပြုတွေ့ဆုံခြင်း

၂၉.၄.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြင့်တင်ရေးအသင်း (MWCDF) မှ ဥက္ကဋ္ဌနှင့် အမှုဆောင်များသည် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြင့်တင်ရေးအသင်းမှ အစ်မကြီးများ၊ နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြင့်တင်ရေးအသင်းမှ ညီမငယ်များနှင့် လာရောက်တွေ့ဆုံပြီး ဂါရဝပြုလက်ဆောင်များပေးအပ်ခဲ့ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၂၉.၄.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အမှုဆောင်များသည် ပျဉ်းမနားမြို့၊ သန္တာရာမသီလရှင်ကျောင်းတိုက်များသို့ သွားရောက်၍ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းငွေ ၅၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၂၈.၄.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အမှု‌ဆောင်များသည် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော တော်ဝင်ရတနာ မူလတန်းကြိုကျောင်း ယာယီကယ်ဆယ်ရေးစခန်းရှိ ဝန်ထမ်းမိသားစုများ(ကျား) ၅၀ ဦး၊ (မ) ၄၂ ဦးအား  အစားအစာများ၊ အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၄၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၂၈.၄.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အမှု‌ဆောင်များသည် နေပြည်တော်ဘူတာကြီးရှိငလျင်ဘေးသင့် မီးရထားဝန်ထမ်းမိသားစုများ (ကျား) ၈၉ ဦး၊ (မ) ၇၈ ဦးတို့အားဘီစကစ်မုန့်၊ အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၆၀၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

သင်တန်းဖွင့်လှစ်ခြင်း

သင်တန်းဖွင့်လှစ်ခြင်း

၂၇.၄.၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အ.ထ.က(၁၂)ကျောင်းတွင် ဖွင့်လှစ်သင်ကြားနေသော နွေရာသီအင်္ဂလိပ်စာ(4-Skill) Pre-Intermediate level သင်တန်းရှိ သင်တန်းသား/သူများအား အသင်းဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေးက ငလျင်ဒဏ်ခံစားဖူးတဲ့ ကလေးငယ်များကို ငလျင်လှုပ်ချိန်တွင် ဘယ်လိုနေထိုင်ခဲ့သလဲအမေးအဖြေပြုလုပ်ခဲ့ပြီး ထပ်မံ၍ငလျင်လှုပ်ပါက ငလျင်လှုပ်စဉ် ဘယ်လိုနေထိုင်ရမလဲဆိုသည့် ပညာပေး program ဝပ်… ကာ…ကိုင်…နည်း၊ Life triangle နည်းများကို သင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်းသား/သူများ အာဟာရရှိစေရေးအတွက် အသင်း ဒုဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များက ဘီစကစ်မုန့်များ၊ ကိတ်မုန့်အစုံနှင့် အအေးများတိုက်ကျွေးခြင်း အာဟာရကုသိုလ်ပြုခဲ့ကြပါသည်။ လှူဒါန်းငွေ ၂၂၀,၀၀၀/-ကျပ်ဖြစ်ပါသည်။