Myanmar

Covid-19 ကာလအတွင်း လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခြင်း

Covid-19 ကာလအတွင်း လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခြင်း

(၁၃.၅.၂၀၂၀)ရက်နေ့ နေပြည်တော်ရုံးချုပ်တွင် ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ CEC များ တွေ.ဆုံ၍ နှစ်ချုပ် အစီရင်ခံစာကိစ္စ လူကယ်ပြန် သို့ covid_19 နှင့် ပတ်သက်၍ အသင်: မှ Activity များပေးပို့ရန် ကိစ္စတို့အား ဆွေးနွေး ခဲ့ကြပါသည်။

မွန်ပြည်နယ် MWCDF အသင်းမှ ပြည်လုံးချမ်းသာ(ဘ.က)ကျောင်းသို့ လှူဒါန်းမှု

မွန်ပြည်နယ် MWCDF အသင်းမှ ပြည်လုံးချမ်းသာ(ဘ.က)ကျောင်းသို့ လှူဒါန်းမှု

၁၀.၅.၂၀၂၀ မွန်ပြည်နယ် MWCDF အသင်းသားများသည် မော်လမြိုင်မြို့ ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ လှူဘွယ်စုံခြင်း၊ ဆန်၊ ဆီ၊ အာလူးများအား ဆရာတော်ထံ ကပ်လှူခဲ့ပါသည်။

Online Virtual Meeting တက်ရောက်ခြင်း

Online Virtual Meeting တက်ရောက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်နေရာချထား​ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး​ကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၀)အား (၇.၅.၂၀၂၀)ရက်နေ့၊ နေ့လည်(၁၃းဝဝ)နာရီချိန်တွင် Online စနစ် (Online Virtual Meeting)ဖြင့် ကျင်းပပြုလုပ်သော အစည်းအဝေးကို MWCDF အသင်း ဒုဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး တို့တက်​ရောက်ခဲ့ပါသည်။

မဟာမြိုင်ကျေးရွာ MWCDF အသင်းမှ Covid-19 ကာလ လှူဒါန်းမှု

မဟာမြိုင်ကျေးရွာ MWCDF အသင်းမှ Covid-19 ကာလ လှူဒါန်းမှု

(၂.၅.၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့ နယ်၊ မဟာမြိုင်ကျေးရွာ MWCDFအသင်းမှ သံဃာတော် (၁၃)ပါးသီတင်းသုံးတော်မူသော ကျောက်ဖူးဘုန်းကြီး ကျောင်းအတွက် ဆန်(၁)အိတ်၊ ဆီ၊ ဆားနှင့် အခြားအသုံး အဆောင်ပစ္စည်းများ၊ ကန်မြဲရွာတိုက်ကျောင်းအတွက် ဝတ္ထု(၃၅,၀၀၀)ကျပ်၊ ကန်မြဲရွာ           Covid-19 ကာကွယ်ရေးအတွက်(၂၀,၀၀၀)ကျပ်၊ နာတာရှည်အမျိုးသမီးတစ်ဦး အတွက်(၁၅,၀၀၀)ကျပ်၊ မီးဖွားအမျိုးသမီးတစ်ဦး အတွက်(၁၅,၀၀၀)ကျပ်တို့အား လှူဒါန်းခဲ့ပါသည်။

စမတောင်မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်နှင့် YGW မိဘမဲ့ပရဟိတကျောင်းသို့ သွားရောက် လှူဒါန်းခြင်း

စမတောင်မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်နှင့် YGW မိဘမဲ့ပရဟိတကျောင်းသို့ သွားရောက် လှူဒါန်းခြင်း

(၁.၅.၂၀၂၀)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဥက္ကဌနှင့် CEC များကိုယ်စား ရုံးအဖွဲ့သည် နေပြည်တော်တိုင်း MWCDF အဖွဲ့များနှင့်အတူ နေပြည်တော်၊ သာဝတ္ထိမြို့ရှိ စမတောင်မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်သို့ သွားရောက်၍ မိဘမဲ့ကလေးများ စားသောက်နေထိုင်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ အသင်းနှင့် CEC များ စုပေါင်း လှူဒါန်းထည့်ဝင်မှုဖြင့် အလှူငွေ-(၇၀၀၀၀၀)ကျပ်၊ ဆန်၊ ဆီအစရှိသည့် စားသောက်ကုန်များ  သွားရောက်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ YGW အဝါရောင်မျိုးဆက်သစ်လူငယ်ပရိဟိတအသင်းသို့ သွားရောက်၍ မိဘမဲ့ကလေး (၂၀၀) ကျော် စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍

ရန်ကုန်တိုင်း MWCDF အသင်းသို့ Covid-19 ကာကွယ်ရေးအတွက် အကာအကွယ်ပစ္စည်းများ လာရောက် လှူဒါန်းမှု

ရန်ကုန်တိုင်း MWCDF အသင်းသို့ Covid-19 ကာကွယ်ရေးအတွက် အကာအကွယ်ပစ္စည်းများ လာရောက် လှူဒါန်းမှု

(၉.၄.၂၀၂၀)ရက်နေ့တွင် တရုတ်တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အသီးသီးမှ မြန်မာမေဂျာ ကျောင်းသူ/သားများ၏ ကိုယ်စား လှယ်အဖွဲ့သည် ထပ်မံလာရောက်၍ COVID-19 အကာအကွယ်ပစ္စည်းMask-(၃၀၀)ခုနှင့် PPE ဝတ်စုံ(၁၀)စုံတို့ လာ ​ရောက်လှူဒါန်းရာ အသင်း၏ကိုယ်စား ရန်ကုန်တိုင်း MWCDF ဥက္ကဌနှင့်အဖွဲ့မှ လက်ခံရယူ၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။