Myanmar

Covid-19 ကာလ ပရဟိတကျောင်းများ၊ (ဘ.က)ကျောင်းများသို့ ထောက်ပံ့လှူဒါန်းခြင်း

Covid-19 ကာလ ပရဟိတကျောင်းများ၊ (ဘ.က)ကျောင်းများသို့ ထောက်ပံ့လှူဒါန်းခြင်း

(၉.၄.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) မှ ဥက္ကဌနှင့် CEC များ၏ ကိုယ်စား ရုံးအဖွဲ့မှ သာဝတ္ထိမြို့နယ်ရှိ စမတောင်မဟာပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်၊ ဇေယျာသီရီမြို့နယ်ရှိ ရွှေကြာပျိုးခင်း(ဘ.က)ကျောင်း၊ ပုဗ္ဗသီရီမြို့နယ်ရှိ YGW ကလေးများစောင့်ရှောက်ရေးကျောင်း၊ ဥတ္တရသီရီမြို့နယ် သဲကျွန်းကျေးရွာအနီးရှိ ရတနာစံပြ(ဘ.က)ကျောင်းများရှိ သံဃာတော်များ၊ သာမဏေများ၊ ကျောင်းသား/သူများ COVID-19 ကပ်ရောဂါကာကွယ်​နေရချိန် နှင့် သင်္ကြန်ကာလများ အတွင်း ဆွမ်းကွမ်း၊ စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဆန်၊ ဆီ အစရှိသည့် စားသေက်ကုန် များ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ဇေယျာရာမသီလရှင်စာသင်တိုက်နှင့် အောင်ချမ်းသာပရဟိတသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာရာမသီလရှင်စာသင်တိုက်နှင့် အောင်ချမ်းသာပရဟိတသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၉.၄.၂၀၂၀)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) ဥက္ကဌနှင့် CEC များ၏ ကိုယ်စား ရုံးအဖွဲ့မှ ပျဉ်းမနားမြို့ရှိ ဇေယျာရာမသီလရှင်စာသင်တိုက်နှင့် ဒက္ခိဏသီရီမြို့နယ်ရှိ အောင်ချမ်းသာပရဟိတသီလရှင်ကျောင်းရှိ သီလရှင်ဆရာကြီး၊ သီလရှင်ဆရာလေးများ COVID-19 ကပ်​ရောဂါ ကာကွယ် ​နေရချိန်နှင့် သင်္ကြန်ကာလအတွင်း ဆွမ်းကွမ်းအခက်အခဲမရှိစေရန် ရည်ရွယ်၍ ဆန်၊ ဆီ အစရှိသည့် စားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ရန်ကုန်တိုင်း MWCDF အသင်းမှ Covid-19 အတွက် Mask များ သွားရောက်လှူဒါန်းခြင်း

ရန်ကုန်တိုင်း MWCDF အသင်းမှ Covid-19 အတွက် Mask များ သွားရောက်လှူဒါန်းခြင်း

(၇.၄.၂၀၂၀) ရက်နေ့တွင် ရန်ကုန်တိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးသင်း (MWCDF)မှ ဥက္ကဌနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွှန့်မြို့နယ်သို့ သွားရောက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား အကာအကွယ်ပစ္စည်း Mask-၅၀၀ခု တန်ဖိုး(သုံးသိန်းသုံးသောင်းသုံးထောင်)ကျပ်အား သွားရောက်လှူဒါန်းခဲ့ပါသည်။

Covid-19 အတွက် အလှူငွေလှူဒါန်းခြင်းနှင့် ပရဟိတကျောင်းများသို့ ထောက်ပံ့လှူဒါန်းရန် ဆွေးနွေးခြင်း

Covid-19 အတွက် အလှူငွေလှူဒါန်းခြင်းနှင့် ပရဟိတကျောင်းများသို့ ထောက်ပံ့လှူဒါန်းရန် ဆွေးနွေးခြင်း

(၈.၄.၂၀၂၀)ရက်နေ့(၁၄းဝဝ)နာရီတွင် MWCDF ရုံးချုပ်၌ အသင်းဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး နှင့် CECများသည် (COVID-19) ရောဂါနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ပြီး အသင်းမှ တက်အားသရွှေ့အလှူငွေနှင့် ပစ္စည်းများလှူဒါန်းရန် ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အသင်းဒုဥက္ကဌနှင့်အဖွဲ့သည် (Covid-19) ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ကော်မတီသို့ Bank Account မှ တစ်ဆင့် ငွေကျပ်(၁၀)သိန်းလှူဒါန်းခဲ့ပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ (ဘ.က)ကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတကျောင်းများအား သင်္ကြန်ပိတ်ရက်များတွင် အခက်အခဲမရှိစေရန် ဆန်၊ ဆီနှင့် စားသောက်ကုန်များ လှူဒါန်းရန် ဆွေးနွေးခဲ့ပါသည်။

MWCDF အသင်းသို့ Covid-19 ကာကွယ်ရေး Mask များ လာရောက်လှူဒါန်းမှု

MWCDF အသင်းသို့ Covid-19 ကာကွယ်ရေး Mask များ လာရောက်လှူဒါန်းမှု

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးသင်း (MWCDF)သို့ မြန်မာနိုင်ငံအမျိုးသမီးများ တစ်နိုင်ငံလုံးရှိ မြန်မာမေဂျာကျောင်းသူကျောင်းသားများ၏ ကိုယ်စားလှယ်များသည် (၇.၄.၂၀၂၀)နေ့ (၃းဝဝ)နာရီ တွင်ရန်ကုန်မြို့ အထက်ပုစွန်တောင်လမ်းရှိ အသင်းရုံးခွဲသို့ လာရောက်၍ COVD-19 နှင့် ပတ်သက်၍ အကာအကွယ်ပစ္စည်း Mask-၁၈၀၀ခု တန်ဖိုး12သိန်းကျော် လာရောက်လှူဒါန်းရာ အသင်း၏ကိုယ်စား ရန်ကုန်တိုင်း MWCDF အဖွဲ့ဥက္ကဌနှင့်အဖွဲ့မှ လက်ခံရယူခဲ့ပါသည်။

သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်း

သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်း

(၈.၄.၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်း ထားဝယ်မြို့ MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် ထားဝယ်မြို့မှ မိုင်(၂၄)မိုင်အကွာ လောင်းလုံမြို့နယ် ဝေဒီရွာ တစ်ရွာလုံး ရေပြတ်​သောဒုက္ခကို ခံစားနေရသဖြင့် အသင်းသားများမှ သွားရောက်၍ သောက်ရေအတွက် ရေကားကြီး(၂)စီးဖြင့် ရေအလှူပြုခဲ့ကြပါသည်။