Myanmar

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၃.၃.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ အဖွဲ့ဝင် ၇ ဦးသည် တပေါင်းလပြည့်နေ့၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ စုစုပေါင်း ၁၂၃ ပါးအား ဘွဲ့တံဆိပ်တော်ချီးမြှင့်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မျက်နှာသုတ်ပုဝါနှင့် နဝကမ္မဝတ္ထုငွေများ စုပေါင်းလောင်းလှူခဲ့ကြပါသည်။ စုစုပေါင်းကုန်ကျငွေ ၃ သိန်းကျပ်ဖြစ်ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၂.၃.၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် ပဲခူးတိုင်းအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲမင်္ဂလာအခမ်းအနားသို့ တက်ရောက်၍  ကုသိုလ်၊ တရားတော်နာယူပြီး နဝကမ္မ ၀တ္တု ငွေ  ၁ သိန်းကျပ် ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၂.၃.၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ အဖွဲ့ဝင်များသည် ဗောဓိဆာယာ ထေရီမတို့ရွာသို့ သွားရောက်ပြီး  သီလရှင်ယောဂီ ၁၀၀ ဦးကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ သီလရှင်ဆရာကြီး၏ပို့ချသော တရားမှတ်နည်းနှင့် တရားမှတ်ယူခဲ့ကြပါသည်။ နဝကမ္မ၀တ္တငွေ  ၅ သိန်းကျပ် လှူဒါန်းခဲ့ကြပါသည်။ စာဗူးတောင်း ခြေတော်ရာဘုရားကိုဖူးမြှော်ပြီး အလှူငွေ ၁ သိန်းကျပ် လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၆ သိန်းကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဌ ဒေါ်မော်မော်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦးသည် နေပြည်တော်၊ ဇမ္ဗူသီရိခန်းမတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင် ၃ ဦးသည် ပဲခူးတိုင်း “သနပ်ခါးအလှ မြန်မာကအစ – ခြင်းလုံးအစ သရေခေတ္တရာက” ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဌ ဒေါ်တင်စိန်နှင့် အလုပ်အမှုဆောင် ၅ ဦးသည် ရန်ကုန်တိုင်းဒေသကြီး MCC ခန်းမတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။