Myanmar

တိုက်ပွဲရှောင်ဒုက္ခသည်များအား အစားအစာနှင့်ရေသန့် မုန့် များ သွားရောက်လှူဒါန်းခြင်း

တိုက်ပွဲရှောင်ဒုက္ခသည်များအား  အစားအစာနှင့်ရေသန့် မုန့် များ သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများ နှင့် ကလေးသူငယ် များ ဘဝမြင့် တင်ရေး အသင်း ၊ ရှမ်း ပြည် နယ် မြောက် ပိုင်း ဥက္ကဌ ဒေါက်တာနန်း ကိန်ဖေါင်း တစ် ပ် နှင့် အတွင်း ရေး မှူး ဒေါ် နန်း ခမ်း ယဉ် နှင့် အဖွဲ့ဝင် များ သည် လားရှိုး ခရိုင် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဌ ဒေါ် နန်း ဥမ္မာ

အခြေခံပညာကျောင်းများသို့ကွင်းဆင်းစစ်ဆေး စမ်းသပ် မှု ပြုလုပ်ခြင်း

အခြေခံပညာကျောင်းများသို့ကွင်းဆင်းစစ်ဆေး စမ်းသပ် မှု ပြုလုပ်ခြင်း

၂၀၁၉ခု ဒီဇင်ဘာ(၁၈ – ၁၉)ရက်တွင် မကွေးတိုင်း MWCDFအသင်း နှင့် တိုင်းကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တို့ပူးပေါင်း၍ ဟောင်ကောင် Sowers. Action. မှ လှူဒါန်းမည့် စက်ရေတွင်းများ၏ မြေသဘာဝနှင့် ရေအရင်းအမြစ်သိရှိစေရန် ရွာလေးရွာ မှ အခြေခံပညာကျောင်းများသို့ကွင်းဆင်းစစ်ဆေး စမ်းသပ် မှု ပြုလုပ်ခဲ့ပါသည်။

နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း(တနင်္သာရီတိုင်း)

နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း(တနင်္သာရီတိုင်း)

(၁၈.၁၂.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ ထားဝယ်မြို့ Hotel Dawei ၌ ကျင်းပပြုလုပ်သော နှစ်ပတ်လည် လုပ်ငန်းညှိနှှိုင်းအစည်းအဝေးကို တနင်္သာရီတိုင်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။

မကွေးတိုင်း MWCDFအသင်းမှ ပြခန်းများဖွင့်လှစ်ပြသခြင်း

မကွေးတိုင်း MWCDFအသင်းမှ ပြခန်းများဖွင့်လှစ်ပြသခြင်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် (၁၄.၁၂.၂၀၁၉ မှ ၁၆. ၁၂.၂၀၁၉)ရက်နေ့အထိ လူငယ်ဘက်စုံဖွံ့ဖြိုး ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို မကွေးတက္ကသိုလ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ဗဟို)မှ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပြီး မကွေးတိုင်း MWCDFအသင်းမှ ပြခန်းများဖွင့်လှစ်ပြသခြင်းနှင့် လာရောက်လေ့လာကြသော ကျောင်းသား/သူများကို ဗဟုသုတဉာဏ်စမ်း မေးခွန်းများမေးမြန်းခြင်းနှင့် ဖြေဆိုနိုင်သူများကို လက်ဆေးဆပ်ပြာရည်ဘူး၊ ပြက္ခဒိန်၊ ဗလာစာအုပ်၊ သော့ချိတ်များကို ဆုအဖြစ်ပေးအပ် ခဲ့ပါသည်။

မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီမှ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခြင်း

မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီမှ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခြင်း

(၁၇.၁၂.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုး သမီးများ နှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါ်နီလာအေး သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီမှ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

သန့်ရှင်းရေး အကြောင်းအရာများ ဆွေးနွေးဟောပြောခြင်းနှင့်အာဟာရများ ကျွေးမွေးခြင်း

သန့်ရှင်းရေး အကြောင်းအရာများ ဆွေးနွေးဟောပြောခြင်းနှင့်အာဟာရများ ကျွေးမွေးခြင်း

(၁၃.၁၂.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းမှ အလုပ်အမှုဆောင်များသည် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း သို့သွားရောက်၍ အစာအုပ်စု အကြောင်းဆွေးနွေးခြင်း တကိုယ်ရည်သန့်ရှင်းရေး၊ အတန်းသန့်ရှင်းရေး၊ ကျောင်းသန့်ရှင်းရေး၊ မိမိအိမ် သန့်ရှင်းရေး၊ ရပ်ရွာသန့်ရှင်းရေး အကြောင်းအရာများ ဆွေးနွေးဟောပြောခြင်းနှင့် မေးခွန်းများမေးမြန်းကာ ဖြေဆိုနိုင်သူများကို ရောင်စုံပန်းစက္ကူများ ဆုချီးမြှင့်ခဲ့ ပါသည်။ ထို့နောက် ကျောင်းသား(၁၅၀)ကျော်ကို အာဟာရများ ကျွေးမွေးခဲ့ပါသည်။