Myanmar

အခမ်းအနားကျင်းပခြင်း

အခမ်းအနားကျင်းပခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင် ၄ ဦးတို့သည် ၃.၁၁.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့၊ လောကမာရဇိန့်ဘုရားကြီး ဂေါပကအဖွဲ့မှကြီးမှူးကျင်းပသော ရပ်ကွက်ပေါင်းစုံနှစ်ကျိပ်ရှစ်ဆူဘုရား မြို့လုံးပတ်လှည့်လည် ပူဇော်ပွဲနှင့် ထားဝယ်ရိုးရာယဉ်ကျေးမှုအကပွဲတွင် အသင်း ဥက္ကဌ မှ ဖဲကြိုးဖြတ်၍ ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ပါသည်။

နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာ

နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာ

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် ၃.၁၁.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်သော တန်ဆောင်တိုင် နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာ အခမ်းအနားတွင်ပါဝင်၍ စတုဒီတာအဖြစ် ခေါက်ဆွဲကြော်၊ ဒိုးနတ်မုန့် နှင့် ပေါင်မုန့်များ ပါဝင်ကုသိုလ်ပြု လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းမှုစုစုပေါင်း ၄၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာ

နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာ

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် ၃.၁၁.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့၊ ဗောဓိကုန်းမိုးကုတ်ဓမ္မရိပ်သာ၌ တန်ဆောင်တိုင် နိဗ္ဗာန်ဈေးပွဲတော်အလှူတော်မင်္ဂလာကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။ လှူဒါန်းမှုစုစုပေါင်း သိန်း (၅၀)ကျပ် ဖြစ်ပါသည်။

မဟာဘုံကထိန်အလှူတော်မင်္ဂလာ

မဟာဘုံကထိန်အလှူတော်မင်္ဂလာ

ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များစု ပေါင်းမဟာဘုံကထိန်အခမ်းအနားကို ၃.၁၁.၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သုဓနုအိမ်ရာအနီး၊ သဒ္ဓမ္မဇောတိကကျောင်းတိုက်အတွင်းရှိ သံဃာတော်အရှင်သူမြတ်တို့အား ကထိန်အာနိသင်ငါးပါးရပါစေခြင်းအကျိုးငှာ ကထိန်သင်္ကန်းနှင့် ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်မေမြင့်မောင် သည် ၃.၁၁. ၂၀၂၅ ရက်နေ့တွင် ရုံးအမှတ် (၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ‌ဒေါက်တာကြူကြူအေး နှင့် အလုပ်အမှုဆောင် ဒေါ်အေးအေးဝင်း တို့သည် ၃၁.၁၀.၂၀၂၅ ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းအစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်အတွင်း ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။