Myanmar

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၇.၁.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ သာဝတ္ထိမြို့၊ စမတောင် မဟာပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်ရှိ ရင်ခွင်ပိုက်အရွယ်မှ တက္ကသိုလ်တက်‌ရောက်ထိ ပြုစုစောင့်ရှောက်ထားသော ကလေး (၁၁၅၀)ဦးအတွက် အလှူငွေ နှင့် ဆေးဝါးများ၊ ဆန်၊ ဆီ၊ စာရေး ကိရိယာအစုံ၊ အဝတ်အထည်များ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ကလေးကစားစရာ ပစ္စည်းအစုံများတို့အား ဆရာတော်ကြီးထံသွား‌ရောက် လှူဒါန်းခဲ့ပြီးနောက် ကလေးများ နေ့လည်စာအာဟာရအတွက် ထမင်း၊ ဘဲဥသီးစုံပဲကုလားဟင်းနှင့် ငါးနီတူကြော်များဖြင့်ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ (၈,၀၅၉,၅၀၀)ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၅.၁.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမြန်လမ်း ၂၀၄ မိုင်ရှိ အာစိဏ္ဏသီရိ မိဘမဲ့ပရဟိတကျောင်းသို့ ဇန်နဝါရီလ အလှူအဖြစ် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နဝကမ္မအလှူငွေကျပ် ၁ သိန်း ၊ ဆန်(၃)အိတ်၊ ဆီ(၁၀)ပိဿာ၊ ကြက်သွန်နီ (၅)ပိဿာ ၊ အာလူး(၅) ပိဿာ ၊ ခရမ်းချဉ်သီး(၅)ပိဿာ၊ ဂေါ်ဖီထုတ် ၊ ခရမ်းသီး၊ ဗူးသီး၊ ရွှေဖရုံသီး၊ သံပုရာသီး၊ ဇီးသီးများ၊ အမျိုးသမီးလစဉ်သုံး (၅၀) ထုတ်၊ အချိုရည်( ၅၀)

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၁.၁.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့ အ.ထ.က(၁)ကျောင်း ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ တနင်္သာရီတိုင်း အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ပြီး အလှူငွေ (၅၀,၀၀၀)ကျပ် လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၀. ၁. ၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့ Nippon Language Center၌ ကျင်းပပြုလုပ်သော ဂျပန် – မြန်မာချစ်ကြည်ရေးအသင်းနှင့် Nipon Language Center တို့မှ ဒေါ်ယူရီဇော် ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ လုပ်ငန်းစဉ်များဆောင်ရွက်ရန်အတွက် အလှူငွေ သိန်း(၆၀)ကျပ် ပေးအပ်လှူဒါန်းရာ ပြည်နယ်အသင်း ဥက္ကဋ္ဌ ဒေါ်ကေသီအောင်မှ တက်ရောက်လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အသင်းလှုပ်ရှားမှုမှတ်တမ်းစာအုပ်၊ တီရှစ်၊ ပြက္ခဒိန်တို့ကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၀.၁.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ မြို့တော်ခန်းမတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး ဥပဒေရုံးချုပ်က ဖွင့်လှစ်သော တိုင်းအဆင့်ဌာနဆိုင်ရာများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်(၄)ဦးတက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၀.၁.၂၀၂၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အ.ထ.က တောင်ကလေးကျောင်းတွင် ကျင်းပပြုလုပ်သော ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားတွင် Grad-9 ကျောင်းသား/သူ (၉)ဦးအတွက် ဆု (၉)ဆု စုစုပေါင်းတန်ဖိုး(၁၈၀၀၀၀)ကျပ်အား ကရင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့တက်ရောက်၍  ထောက်ပံ့လှူဒါန်းခဲ့ပါသည်။