Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၀.၁.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပသော ရေမွန်းသော မွေးကင်းစကလေးအား အသက်ကယ်ပြုစုခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်(၅) ဦးတက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၈.၁.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန်(၁)လမ်း၊ လိပ်ပြာကန်သီလရှင် စာသင်တိုက်မှ၊ (၂၀၂၄)ခုနှစ်တွင် “ မဟာဂန္ထဝါစကပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော တိုက်အုပ်ဆရာကြီး ဒေါ်ကလျာသိင်္ဂီ (သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ မြို့နယ်သီလရှင် အမှု့ဆောင်အဖွဲ့ အကျိုးတော်ဆောင်)၏ ဂုဏဝိသိဌပူဇာမင်္ဂလာဂုဏ်ပြုပူဇော်ပွဲကိုကျင်းပရာ ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တက်ရောက်ကြည်ညိုလှူဒါန်းခြင်း ကုသိုလ်ပြုခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၇.၁.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးကော်မတီမှ ဦးဆောင်ကျင်းပသော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်‌‌ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲသို့ ကချင်ပြည်နယ် အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၁.၂၀၂၅ ရက်​နေ့တွင် ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့်​ မွေးကင်းစက​လေးအသက်ကယ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်(၅)ဦးတက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၃.၁.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့၊ မြို့မယဉ်ငေးရိပ်သာရှိ ကိုရင်များနှင့်ဖိုးသူတော်လေးများအား တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း အဖွဲ့ဝင်များမှ အသုံးအဆောင်ပစ္စည်းများနှင့် ပုံဆွဲစာအုပ်များ၊လက်ရေးလှစာအုပ်များကိုလှူဒါန်းပေးခဲ့ပါသည်။ ထို့နောက် အသင်း အဖွဲ့ဝင်များသည် မြို့မယဉ်ငေးရိပ်သာဆရာတော်မှ ကူညီ‌စောင့်ရှောက် ပညာသင်ကြားပေးထားသော နေရပ်စွန့်ခွာ ကျောင်းသားများအနက်(၃၀)ဦးအတွက် အသုံးအဆောင်ပစ္စည်းများနှင့် ပုံဆွဲစာအုပ်များကိုလည်း သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုတန်ဖိုးငွေ(၈၀၀၀၀)ကျပ်ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၃.၁.၂၀၂၅ ရက်နေ့တွင် မနန္ဒာမြတ်မင်း၊ မောင်ရာပြည့်၊ မမင်းသန့်ခင်ခင် မောင်နှမသုံးယောက် မွေးနေ့အလှူအနေဖြင့် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဆံ့သားဖွားမီးယပ်အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)တွင် ဆေးရုံတက်ရောက်နေသော အမျိုးသမီးလူနာများ၊ လူနာစောင့်များ နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သာဟင်း၊ ချဉ်ရည်ဟင်းနှင့် ရေသန့်ဗူးတို့ကို အလှူရှင်မိသားစုနှင့်အတူ လက်ရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။