Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၇.၁၂.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ သင်တန်းသား (၁)ဦးသည် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ခြင်းတောင်းယက်သင်တန်းဆင်းပွဲအား ထားဝယ်မြို့၊ ယဉ်ငေး သာသနာ့ရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်ဆင်းလက်မှတ် လက်ခံရယူခဲ့ပါသည်။ သင်တန်းသားများအား တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ မုန်နှင့် အချိုရည်များ ဧည့်ခံကျွေးမွေးခဲ့ရာ ကာလတန်ဖိုးငွေ (၅၀၀၀၀)ကျပ် ကျွေးမွေးလှူဒါန်းနိုင်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၄.၁၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၄)ဦးသည် မကွေးတိုင်းဒေသကြီး၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့က မကွေးမြို့၊ မြို့တော်ခန်းမတွင် ပူးပေါင်းဖွင့်လှစ်သော Grade-11/12 သင်ဆရာ/ ဆရာမများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၅) နှင့် အမှတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၃.၁၂.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၇)ဦးသည် မောလမြိုင်မြို့၊ ဇေယျာသီရိနယ်မြေရှိ အသက် (၆၀)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်တမ်းကောက်ယူခြင်းဆောင်ရွက်ရာတွင် ပူပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၂၃.၁၂.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင်ထံသို့သွားရောက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ဗဟို)မှ ထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်၍ အားပေးစကားများပြောကြားခဲ့ပါသည်။ အလုပ်အမှုဆောင်မိသားစုကလည်း ခြုံစောင်များ ပြန်လည်လက်ဆောင်ပေးအပ်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၂၂.၁၂.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ်၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၅)ဦးသည် ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်ရှိ ရွှေမြင့်မိုရ်တောင် ပညာဒါနကျောင်းရှိ ကျောင်းသား/သူများအတွက် စာရေးကိရိယာများ၊ အဝတ်အစားများ၊ စားသောက်ဖွယ်ရာများ ကာလတန်ဖိုး (၄၀၀၀၀၀)ကျပ်အား သွားရောက်လှူဒါန်းထောက်ပံ့ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၂၁.၁၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၅)ဦးသည် မကွေးမြို့၊ ဆားတိုင်ကန်ကျေးရွာ ရေတွင်းဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ရောက်ရှိနေသော စလင်းမြို့နှင့် ဆောမြို့တို့မှ နေရပ်စွန့်ခွါကျောင်းသား/ သူများ၊ ကိုရင် စုစုပေါင်း (၆၂)ဦးအတွက် ဆန် (၅)အိတ်၊ ဆီ (၁၅)ပိဿာ၊ ဆား (၁၀၀)ထုပ်၊ ဗလာစာအုပ် (၅၀)ဒါဇင်၊ ဘောပင်၊ ခဲတံနှင့် ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ် စုစုပေါင်း (၁၀၀၀၀၀၀)ကျပ်ကို သွားရောက်လှူဒါန်းထောက်ပံ့ခဲ့ပါသည်။