Myanmar

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၁၁.၁၂.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အမျိုးသမီးများနှင့်ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် အေးသာယာမြို့၊ မြန်မာ့တိုင်းရင်းဆေးရုံတွင် ဆေးကုသလျက်ရှိသော ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင်ထံသို့ သွားရောက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ကာလတန်ဖိုး (၈၄၇၀၀)ကျပ် စုစုပေါင်း (၁၈၄၇၀၀)ကျပ်အား ထောက်ပံ့ပေးအပ်၍ အားပေးစကားများပြောကြားခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၁၁.၁၂.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် တိုက်ပွဲရှောင်ကျောင်းသား/သူ (၂၀)ဦးအား အနွေးထည်များ ကာလတန်ဖိုးငွေ (၂၆၀၀၀၀) ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၀.၁၂.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၄)ဦးသည် နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ထွေ/အုပ်ရုံးခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၀.၁၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် များသည် ရန်ကုန်မြို့၊ LOTTE Hotel , Sapphire Ballroom တွင် ကျင်းပပြုလုပ်သော ASEAN – IPR Progamme on Women in Peace Process National Level Discussion အစည်းအဝေးကို တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၀.၁၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယ ဥက္ကဌ၊ ဗဟိုအလုပ်အမှုဆောင် များသည် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကျင်းပပြုလုပ်သော (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၉.၁၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၄)ဦးသည် မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက မကွေးမြို့၊ မြို့နယ််စုပေါင်းရုံးခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။