Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂.၁၂.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ်၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၅)ဦးသည် ကချင်ပြည်နယ်၊ အမျိုးသမီးကော်မတီမှကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပြီး ဖျော်ဖြေရေးဆောင်ရွက်ခဲ့သော အဖွဲ့(၃)ဖွဲ့အား အဖွဲ့တစ်ဖွဲ့လျှင် (၅၀၀၀၀)ကျပ်ဖြင့် စုစုပေါင်း (၁၅၀၀၀၀)ကျပ် ဆုချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂.၁၂.၂၀၂၄)ရက်နေ့တွင် နေပြည်တော်၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၅)ဦးသည် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအား ကစားကွင်း၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂.၁၂.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင် (၅)ဦးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်( “AIDS ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့” “Take the Right Path” )အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ဘုန်းကြီးကျောင်းပြန်လည်တည်ဆောက်ရန်လှူဒါန်းခြင်း

ဘုန်းကြီးကျောင်းပြန်လည်တည်ဆောက်ရန်လှူဒါန်းခြင်း

(၁.၁၂.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်(၈)ဦးသည် ထားဝယ်မြို့၊ လယ်ဘော်ဘုန်းကြီးကျောင်းသို့ သွားရောက်ဖူးမျှော်ခဲ့ပြီး မြင့်မိုရ်လက်ခတ်တောင်တွင် မီးဘေးသင့်သွားသော ဘုန်းကြီးကျောင်းပြန်လည်ဆောက် လုပ်ရန်အတွက် အလှူငွေ (၇၀၀၀၀)ကျပ်နှင့် ကျောင်းရှိစာသင်သံဃာတော်များအတွက် စာရေးကိရိယာများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဘွဲ့တံဆိပ်တော်ပူဇော်ပွဲ အခမ်းအနား

ဘွဲ့တံဆိပ်တော်ပူဇော်ပွဲ အခမ်းအနား

(၁.၁၂.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်(၈)ဦးသည် ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာ တိုက်အုပ်ဆရာတော်၏ သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိတော်မူသော ပထမဦးဆုံး ထားဝယ်အမျိုးသား ရဟန်းတော် ဘွဲ့တံဆိပ်ဆက်ကပ်ပူဇော်ပွဲသို့ တက်ရောက်ကာ အလှူငွေ (၄၅၀၀၀၀)ကျပ် လှူဒါန်းခဲ့ပါသည်။ ထို့အပြင် အသင်းအဖွဲ့ဝင်များက ပန်းခြင်းများသယ်ယူပူဇော်ခြင်းတို့ဖြင့် ပါဝင်ကုသိုလ်ပြုခဲ့ကြပါသည်။

တည်ထောင်ခွင့်ပြုမိန့် ပေးနိုင်ရေးဆောင်ရွက်ခြင်း

တည်ထောင်ခွင့်ပြုမိန့် ပေးနိုင်ရေးဆောင်ရွက်ခြင်း

(၂၉.၁၁.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကြီးကြပ်မှုကော်မတီ ECCD ကော်မတီအဖွဲ့ဝင်များနှင့်အတူပူပေါင်း၍ Nature Land Preschool ပုဂ္ဂလိကမူလတန်းကြိုကျောင်းအား တည်ထောင်ခွင့်ပြုမိန့်ပေးနိုင်ရေးအတွက် သွားရောက်စစ်ဆေးခဲ့ပါသည်။