Myanmar

မီးဖွားစရိတ်ထောက်ပံ့ခြင်း

(၂၆.၁၁.၂၀၂၄)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်ဆေးရုံကြီး (ခုတင်-၅၀၀)တွင် ကောလင်းမြို့နယ်၊ အောက်ကလုံကျေးရွာမှ အသက် (၃၀)နှစ်အရွယ် မွေးလူနာမှ မိန်းကလေး (၃)မြွှာပူးကိုမွေးဖွားခဲ့ရာ (၂၉.၁၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေး၍ အသင်းထောက်ပံ့ငွေ (၂)သိန်းကျပ်၊ ဗဟိုအလုပ်အမှုဆောင်များက ထောက်ပံ့ငွေ (၅)သောင်းကျပ် စုစုပေါင်း (၂၅၀,၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆေးရုံရှိ အခြားမီးဖွားမိခင် (၃၀)ဦးအတွက် (၁၇၅,၀၀၀)ကျပ်အား ဗဟိုအလုပ်အမှုဆောင်များက ပေးအပ်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၆.၁၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၆.၁၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် (၂)ဦးတို့သည် နေပြည်တော်၊ M-Gallery Hotel ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ACW Myanmar မှ ဦးဆောင်ကျင်းပသော ပဥ္စမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (5th AMMW Meeting and Related Meeting) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

မီးဖွားစရိတ်ထောက်ပံ့ခြင်း

မီးဖွားစရိတ်ထောက်ပံ့ခြင်း

(၂၄.၁၁.၂၀၂၄)ရက်နေ့ ၁၆၁၀ နာရီအချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ဒေးဒရဲမြို့နယ်၊ သံပတ်ကျေးရွာမှ ဒေါ်သန္တာ (၄၅)နှစ်က ယောကျာ်းလေး(၃)မြွှာပူးအား မွေးဖွားခဲ့ရာ (၂၅.၁၁.၂၀၂၄)ရက်နေ့တွင် ဖျာပုံခရိုင်/ဒေးဒရဲခရိုင်မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့်အတူ ဖျာပုံမြို့နယ်၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအဖွဲ့မှလိုက်ပါသွားခဲ့ပြီး စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁)သိန်းကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဟောပြောပွဲတက်ရောက်ခြင်း

ဟောပြောပွဲတက်ရောက်ခြင်း

(၂၄.၁၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းနှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေးတို့သည် နေပြည်တော်၊ Grand Amara Hotel တွင် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ ကျင်းပပြုလုပ်သော “Entrep reneurship is for Everyone” ဟောပြောပွဲသို့ တက်ရောက်ခဲ့ပါသည်။

ဟောပြောပွဲတက်ရောက်ခြင်း

ဟောပြောပွဲတက်ရောက်ခြင်း

(၂၄.၁၁.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်တို့သည် တောင်ကြီးမြို့၊ Royal Taungyi Hotel တွင် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ ကျင်းပပြုလုပ်သော “Entrepreneurship is for Everyone” ဟောပြောပွဲသို့ တက်ရောက်ခဲ့ပါသည်။