Myanmar

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၂၁.၁၁.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအားခွဲစိတ်ကုသမှုအစီအစဉ်အရ ဆေးရုံတွင် တက်ရောက်ခွဲစိတ်ကုသနေ့သည့် လူနာများအားသွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးသည် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်သော (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း(၂)တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ် အမျိုးသမီးကော်မတီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကြီးကြပ်ရေးအဖွဲ့နှင့် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)အား တက်ရောက် ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဘဏ္ဍာရေးမှူးနှင့်အဖွဲ့ဝင် (၂)ဦးတို့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီတို့ဦးဆောင်မှုဖြင့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ “အနာဂတ်သာယာကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဆုချီးမြှင့်ခြင်းအခမ်းအနား

ဆုချီးမြှင့်ခြင်းအခမ်းအနား

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ထားဝယ်မြို့၊ အ.ထ.က (၇)တွင် ကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။