Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၉.၁၀.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၅)ဦးတို့သည် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပပြုလုပ်သော (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အကြိုလှုပ်ရှားမှုအခမ်းအနား” အနာဂတ်သာယာ ကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး” Listen to the Future” သို့တက်ရောက်ပြီး တေးသီချင်းများဖြင့်ဖျော်ဖြေကြသော သားငယ်/သမီးငယ်များအား ဂုဏ်ပြုလက်ဆောင်များနှင့် ဆုများချီးမြှင့်ခဲ့ကြပါသည်။

ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ထောက်ပံ့ခြင်း

ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ထောက်ပံ့ခြင်း

(၁၉.၁၁.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှု့အစီအစဉ်ဆေးရုံတွင် တက်ရောက်ခွဲစိတ်သည့်လူနာများအား သွားရောက်တွေ့ဆုံ၍ အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

(၁၆.၁၁.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ပုသိမ်မြို့၊ စက်တော်ရာဘိုးဘွားရိပ်သာတွင်ပြုလုပ်သည့် အဘိုးအဘွားများအား စတုဒီသာ ကျွေးမွေးလှူဒါန်းသည့် အခမ်းအနားတွင် ပါဝင်လှူဒါန်းကျွေးမွေးခဲ့ပါသည်။

ကထိန်အလှူတော်မင်္ဂလာအခမ်းအနား

ကထိန်အလှူတော်မင်္ဂလာအခမ်းအနား

(၁၄.၁၁.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် နေပြည်တော် သာဝတ္ထိမြို့ စခန်းထောက်ကျောင်းတိုက်၌ကျင်းပပြုလုပ်သော ကထိန်အလှူတော်မင်္ဂလာအခမ်းအနားတွင် ငွေပဒေသာပင်အတွက်အလှူငွေများလှူဒါန်းခြင်း၊ ပင့်သံဃာအပါး (၂၀)ပါးတို့ကို တစ်ပါးလျှင် (၅၀,၀၀၀)ကျပ်စီလှူဒါန်းခဲ့ကြပါသည်။

သင်တန်းဆင်းပွဲအခမ်းအနား

သင်တန်းဆင်းပွဲအခမ်းအနား

(၁၃.၁၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်(၃)ဦးတို့သည် တိုင်းလူမှုဝန်ထမ်းနှင့် UNICEF တို့ပူးပေါင်း၍ကျင်းပသော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြခံသင်တန်းကို အစိုးရမူလတန်းကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်း၊ ကျောင်းသား/သူမိခင်များနှင့်ဆရာ/ဆရာမများအတွက် တိုင်းလူမှုဝန်ထမ်းရုံးတွင် (၂၅.၁၀.၂၀၂၄)မှ(၁၃.၁၁.၂၀၂၄)ရက်ထိဖွင့်လှစ်သင်ကြားရာ အသင်းမှ သင်တန်းသူ (၃)ဦးတက်ရောက်ပြီး သင်တန်းဆင်းလက်မှတ်များ လက်ခံရရှိခဲ့ပါသည်။

အာဟာရဒါနကျွေးမွေးလှူဒါန်းခြင်း

အာဟာရဒါနကျွေးမွေးလှူဒါန်းခြင်း

(၁၃.၁၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တိုင်းလူမှုဝန်ထမ်းရုံးသို့သွားရောက်၍ မသန်စွမ်းကလေး (၂၂)ဦးအား အာဟာရမုန့်များ၊ ဦးထုပ်များ ပေးဝေလှူဒါန်းခဲ့ကြပါသည်။