Myanmar

သင်တန်းဖွင့်ပွဲအခမ်းအနား

သင်တန်းဖွင့်ပွဲအခမ်းအနား

(၁၃.၁၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၁)ဦးသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မသန်စွမ်းသူများနှင့်မိသားစုဝင်များအတွက် အလှဆွဲခြင်းနှင့် မြန်မာအစားအစာပြုလုပ် နည်းသင်တန်းနှင့် မသန်စွမ်းမှုအမြင်၊ သဘောတရားများအမြင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၁၃.၁၁.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၂)ဦးတို့သည် မန္တလေးတောင်ခြေရှိ၊ ခလရ (၉၅)တပ်ရင်းမူကြိုကျောင်း၊ ပင်မစစ်လက်နက်ပစ္စည်းတပ် မူကြိုကျောင်းအမှတ်(၉၁၀)၊ စစ်မြေပြင်အင်ဂျင်နီယာတပ်မူကြိုကျောင်းများသို့သွားရောက်၍ ကလေးများအတွက် ကစားစရာပစ္စည်းပုံးများနှင့် မုန့်များပေးဝေလှူဒါန်းခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

(၁၂.၁၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃/၂၀၂၄ ဘဏ္ဍာရေးနှစ် NSPAW ကနဦးအစီရင်ခံစာရေးသားရေးနှင့်ပတ်သက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃၁.၁၀.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာ၌ အသင်းမှကြီးမှူးကျင်းပသည့်သက်ကြီးတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဘိုးဘွား (၁၀၀) ဦးအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ နံနက်စာ ထမင်းနှင့်ဟင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃၁.၁၀.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ အ.ထ.က (၆)ကျောင်းတွင်ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် တက်ရောက်၍ဆုများချီးမြှင့်ခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအားထောက်ပံ့လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအားထောက်ပံ့လှူဒါန်းခြင်း

(၃၀.၁၀.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် M-Angel ပါရမီဖြည့်ဖက်ညီအစ်မများစုပေါင်း၍ တပ်ကုန်းမြို့၊ ရေဘေးသင့်မိသားစုများပြန်လည်ထူထောင်နိုင်ရေးအတွက် အလှူငွေများ၊ ဖိနပ်များ၊ ကလေးများအတွက် အရုပ်ဗူးများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။