Myanmar

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်နန်းခမ်းယဉ်၊ အမှုဆောင် ဒေါ်ယဉ်ကြည် ၊ ဒေါ်နန်းဝင်းဟန် နှင့် အလုပ်အမှုဆောင်များသည် ၂၃.၁၀.၂၀၂၅ ရက်နေ့တွင် လားရှိုးမြို့၊ ရပ်ကွက် (၁၂) အတွင်းရှိ မူလတန်းအရွယ် ကျောင်းသား ကျောင်းသူများအား အိမ်တိုင်းရာရောက်ကွင်းဆင်း၍ မြန်မာနိုငိငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ဗဟို)မှပို့ပေးသော ကျောင်းသုံးဗလာစာအုပ်များနှင့် အသင်းလက်ကမ်းစာစောင်များကိုသွားရောက် ဝေငှပေးအပ်ရင်း အားပေးစကားပြောကြားခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၂၂.၁၀.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အားကာခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ကချင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေး အပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် မူကြိုကျောင်း ၃ ကျောင်းရှိ မူကြိုကလေးငယ်များ ၅၂ ဦးအတွက် ဗဟိုရုံချုပ်မှထောက်ပံ့ထားသော ကလေးကစားစရာပစ္စည်အစုံပါဗူးများအား တာဝန်ကျမူကြိုဆရာမများထံ ပေးအပ်လှူဒါန်းပြီး ကလေးငယ်များအတွက် အာဟာရဒါနကျွေးမွေးလှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့ ပုသိမ်မြို့၊ ဧရာ​ရွှေဝါခမ်းမ၌ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံမိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်း၏ (၃၄)နှစ်​မြောက် နှစ်ပတ်လည်​အစည်းအ​ဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် ပုဗ္ဗသီရိမြို့၊ မင်္ဂလာသီရိပတ္တာကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ ဝတ္ထုငွေ၊ သင်္ကန်း၊ ဘုရားပုံတော်များ၊ တရားစာအုပ်များ၊ လမ်းဆုံလမ်းခွလူ့ဘဝကဒ်ပြားများနှင့် လှူဖွယ်စုံခြင်း၊ ဗလာစာအုပ်၊ ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်နီ/ဖြူ)၊ ကုလားပဲ၊ ကြာဇံ၊ ဆား စသည်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းမှု တန်ဖိုးငွေ ၁,၇၀၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့သွားရောက်၍ ကျောင်းထိုင်သီလရှင်ဆရာကြီး/ ဆရာလေးတို့ထံ ဝတ္ထုငွေ၊ ဘုရားပုံတော်များ၊ တရားစာအုပ်များ၊ လမ်းဆုံလမ်းခွလူ့ဘဝကဒ်ပြားများနှင့် လှူဖွယ်စုံခြင်း၊ ဗလာစာအုပ်၊ ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်(နီ/ဖြူ)၊ ကုလားပဲ၊ ကြာဇံ၊ ဆား စသည်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းမှုတန်ဖိုးငွေ ၁,၆၅၀,၀၀၀/-ကျပ် ဖြစ်ပါသည်။