Myanmar

ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား

ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား

(၃၀.၁၀.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် ရာဂီမုန်တိုင်းနှင့် စပ်လျဉ်း၍ဖြစ်ပွားခဲ့သောရေဘေးကြောင့်ထိခိုက်ပျက်စီးမှုများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် လူမှုရေးအဖွဲ့အစည်းအသီးသီးအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

သီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

သီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

(၃၀.၁၀.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များနှင့်အမျိုးသမီးကော်မတီအဖွဲ့ဝင်များစုပေါင်း၍ ရွှေပြည်သာမြို့နယ်၊ မြိုင်သီလရှင် စာသင်တိုက်သို့သွားရောက်၍ သီလရှင်ဝတ်စုံများ၊ ဆွမ်းဆန်၊ ဆီနှင့် ဝတ္ထုငွေများလှူဒါန်းခဲ့ကြပါသည်။

ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား

ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား

(၃၀.၁၀.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကျင်းပသည့် ရာဂီမုန်တိုင်းနှင့် စပ်လျဉ်း၍ဖြစ်ပွားခဲ့သောရေဘေးကြောင့်ထိခိုက်ပျက်စီးမှုများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုပေးခြင်းအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။

အလှူတော်မင်္ဂလာအခမ်းအနား

အလှူတော်မင်္ဂလာအခမ်းအနား

(၃၀.၁၀.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွှေညောင်ပင်ရွာ၊ ဝေဘုလကျောင်းတိုက်တွင် (သတ္တမ)အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၈.၁၀.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ အ.ထ.က(၈)ကျောင်းတွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားသို့ တက်ရောက်ခဲ့ပါ သည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၈.၁၀.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးသည် ဧရာဝတီတိုင်း လူမှုဝန်ထမ်းရုံး၌ကျင်းပပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ပါသည်။