Myanmar

အခမ်းအနားကျင်းပခြင်း

အခမ်းအနားကျင်းပခြင်း

(၂၅.၁၀.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကျပ်သိန်း(၅၀)ကျပ် မ,တည်၍ မော်လမြိုင်မြို့၊ ဆီအုန်းနှစ်ပင်ဘုန်းကြီးကျောင်းတွင် အများစုပေါင်းမဟာဘုံကထိန်လှူဒါန်းခြင်း အခမ်းနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

(၂၃.၁၀.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေး သည် နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ကျင်းပပြုလုပ်သော ပဉ္စမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (5th ASEAN Ministerial Meeting on Women and Related Meetings)ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေး အခမ်းအနားသို့ တက်ရောက်ခဲ့ပါ သည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၃.၁၀.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကချင်ပြည်နယ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးခြင်းဖြင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

(၁၅.၁၀.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ (ခုတင် -၅၀၀)ဆံ့သားဖွားမီးယပ် အထူးကုဆေးရုံကြီးတွင် တက်ရောက်နေသော အမျိုးသမီးလူနာများနှင့် မီးဖွားမိခင်များအတွက် နေ့လည်စာအာဟာရအဖြစ် ထမင်း၊ ကြက်သားဟင်း၊ အချဉ်ရည်ဟင်းများ ပေးဝေလှူဒါန်းပြီး အသင်း ဒုဥက္ကဌမှ အမျိုးသမီးလူနာများနှင့် မီးဖွားမိခင် (၁၂၀)ဦးအတွက် တစ်ဦးလျှင် (၁၀,၀၀၀)ကျပ်စီ၊ အဝတ်အထည်၊ ဆပ်ပြာခဲ၊ ကလေးနှီးပိတ်စ၊ ကော်ဖီမစ်၊ ကွေကွာ၊ လီမွန်တီး၊ ခေါက်ဆွဲခြောက်၊ မုန့်နှင့် ကြက်ဥ (၁၀)လုံးစီအား တစ်ဦးချင်းစီ လက်ရောက်ပေးဝေလှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၃.၁၀.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ နာယက၊ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၃.၁၀.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်(၂)ဦးသည် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။