Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၃.၁၀.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးသည် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၁)တွင် ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၂.၁၀.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၈)ဦးတို့သည် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲ တော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဖိတ်ခေါ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၀.၁၀.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှာ ကျင်းပပြုလုပ်သည့် ရပ်ရွာအခြေပြုစက်ချုပ် အဆင့်မြင့်သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၁၀.၁၀.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ပေါ်ရှိ မူကြိုကျောင်း (၉)ကျောင်းသို့သွားရောက်၍ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

(၁၀.၁၀.၂၀၂၄)ရက်နေ့တွင်မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းရုံးချုပ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်ကျောင်းတိုက်မှ ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်သို့ကြွရောက်၍ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာယူပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၉.၁၀.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အသင်းအဖွဲ့ဝင်များသည် ခြံကလေးကိုယ့်အားကိုယ်ကိုးမူ ကြိုကျောင်းရှိကျောင်းသား/သူ (၃၀)ဦး၊ သုံးအိမ်စုရွာမူကြိုကျောင်းနှင့် ခြံကလေးဘုန်းကြီးကျောင်းရှိ Grade – 10,11 ကျောင်းသား/သူ (၂၁၉)ဦးအတွက် ဗလာစာအုပ်(၁၈)ဒါဇင်အားလှူဒါန်းခြင်း၊ ကစားစရာပစ္စည်းများ၊ မုန့်များ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။