Myanmar

တိုက်ပွဲရှောင်မိသားစုများအတွက် ထောက်ပံ့လှူဒါန်းခြင်း

တိုက်ပွဲရှောင်မိသားစုများအတွက် ထောက်ပံ့လှူဒါန်းခြင်း

(၉.၁၀.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင်များသည် တိုက်ပွဲရှောင်မိသားစုများအတွက် ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်ထုတ်များ၊ ဆပ်ပြာမှုန့်များ၊ ဒန်အိုး၊ စတီးအိုး၊ စတီးချိုင့်၊ ထမင်းအုပ်၊ အနွေးထည်၊ ဂွမ်းစောင်၊ ချည်စောင်၊ ရေခွက်၊ ပန်းကန်၊ ဇွန်း၊ ခြုံတဘက်စောင်၊ ဆွဲခြင်း၊ ရေးပုံးစသည့် အသုံးဆောင်ပစ္စည်းများအား မဲဖောက်လှူဒါန်းပြီးနောက် ကျောင်းသား/သူ (၉၄)ဦးအတွက် အသင်းတံဆိပ်ပါ ဗလာစာအုပ်၊ ခဲတံများလှူဒါန်းခြင်း၊ မူကြိုကလေးများအတွက်အရုပ်စုံပါဗူးများနှင့် မုန့်များလည်းလှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၅.၁၀.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ နာယကနှင့် အဖွဲ့ဝင်များသည် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့လှူဒါန်းခြင်း

(၅.၁၀.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် M.Angle ပါရမီဖြည့်ဖက်ညီအစ်မများစုပေါင်း၍ တပ်ကုန်းမြို့၊ ရေဘေးသင့်မိသားစုများအတွက် ပိုက်ဖျာ၊ စောင်နှင့် အဝတ်အစားများ၊ ပဲဆီ၊ မာမားခေါက်ဆွဲခြောက်၊ ကိတ် ခြောက်၊ ငါးခြောက်ကြော်၊ ရေသန့်ဗူး၊ ရှပ်အင်္ကျီနှင့်ပုဆိုးများ၊ အမျိုးသမီးလစဉ်သုံးများ၊ ကလေးများအတွက် မုန့်၊ ပဲနို့၊ ဖိနပ်နှင့် ကစားစရာပစ္စည်းစုံပါဗူးများ၊ အိမ်ထောင်စုတစ်စုလျှင် (၂၀,၀၀၀)ကျပ်နှုန်းဖြင့် သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအားထောက်ပံ့လှူဒါန်းခြင်း

(၅.၁၀.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းနာယကကြီးမိသားစု၊ အသင်းဗဟိုအလုပ်အမှုဆောင်များစုပေါင်း၍ တပ်ကုန်းမြို့နယ်၊ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဘုရားပုံတော်များ၊ အန္တရာယ်ကင်းဘုရားစာအုပ်များ၊ ဆန်၊ ဆီ၊ လက်ဖက်၊ ပဲကြော်၊ ကော်ဖီမစ်၊ ခေါင်းအုံးများ၊ မီးဖိုများ၊ ဖျာ၊ ဖယောင်းတိုင်ထုတ်များ၊ မီးခြစ်၊ ဓါတ်မီးများ၊ ဆပ်ပြာမွှေးခဲ၊ အဝတ်လျှော်ဆပ် ပြာခဲ၊ ခေါင်းဘီး၊ သွားတိုက်ဆေး/တံ၊ အဝတ်အထည်များ၊ အမျိုးသမီးများအတွက် လုံချည်များ၊ လစဉ်သုံးပစ္စည်းများအား လှူဒါန်းခြင်း၊ ကျောင်းသား/သူများအတွက် ကျောင်းအင်္ကျီဖြူ/စိမ်းများ၊ ဗလာစာအုပ်၊ ခဲတံ၊ ရောင်ခဲတံနှင့် ကလေးကစားစရာပစ္စည်းများကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။

ပညာရေးထောက်ပံ့လှူဒါန်ခြင်း

ပညာရေးထောက်ပံ့လှူဒါန်ခြင်း

(၄.၁၀.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ လူမှုဝန်ထမ်းအသိအမှတ်ပြု ပုသိမ်မြို့၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းနှင့် ကိုးဆူကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများသို့ သွားရောက်ပြီး ကစားစရာပစ္စည်းများ၊ ပဲနို့များနှင့် ပေါင်မုန့်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

မီးဖွားစရိတ်ထောက်ပံ့လှူဒါန်းခြင်း

(၂.၁၀.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းရုံးချုပ်မှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကလေးအထူးကုဆေးရုံကြီးတွင် မီးဖွားသော (၃)မွှာပူးကလေးမိခင်အား သွားရောက်ကြည့်ရှုပြီး ထောက်ပံ့ငွေများ လှူဒါန်းခဲ့ပါသည်။