ဆွေးနွေးပွဲတက်ရောက်ခြင်း

(၂.၁၀.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် Health Cluster Meeting for food ဆွေးနွေးပွဲအား တက်ရောက်ဆွေးနွေးခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၂.၁၀.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် Health Cluster Meeting for food ဆွေးနွေးပွဲအား တက်ရောက်ဆွေးနွေးခဲ့ပါသည်။

(၁.၁၀.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃) အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကိုတက်ရောက်ပြီး အဘိုးအဘွားများအတွက် အလှူငွေများကန်တော့ခဲ့ကြပါသည်။

(၁.၁၀.၂၀၂၄)ရက်နေ့တွင်မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌနှင့် အဖွဲ့ဝင် (၁၀)ဦးတို့သည် မကွေးတိုင်းဒေသကြီးအစိုးအရဖွဲ့မှကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

(၁.၁၀.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် (၂)ဦးတို့သည် တောင်ကြီးမြို့၊ အ.ထ. က(၅)စိန်မြင့်မိုရ်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသောအပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကိုတက်ရောက်၍ အဘိုးအဘွားများအတွက် ကန်တော့ငွေပါဝင်လှူဒါန်းခဲ့ပါသည်။

(၁.၁၀.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်(၅)ဦးတို့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

(၂၅.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ရုံးအဖွဲ့ဝင်(၂)ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်နိုင်ချေလျော့ချရေးနေ့အထိမ်းအမှတ်အဖြစ် ဘေးအန္တရာယ်ကြံကြံခံနိုင်ရေး လူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။