Myanmar

ပညာရေးထေက်ပံ့လှူဒါန်းခြင်း

ပညာရေးထေက်ပံ့လှူဒါန်းခြင်း

(၁၄.၉.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သည် ဆီဆိုင်မြို့နယ်အတွင်းရှိ အ.မ.က (၇,၆,၃,ဝါးတော)ကျောင်းတို့ရှိ ကျောင်းသား/သူများအတွက် လေးကြောင်းမျဉ်းစာအုပ် (၂၂)ဒါဇင်၊ အသင်းဗလာစာအုပ် (၈)ဒါဇင်နှင့် အသင်းသို့ မန္တလာမင်းကားဂိတ်က လှူဒါန်းသော စာအုပ် (၂၅)ဒါဇင်၊ ခဲတံ (၁၅)ဒါဇင်နှင့် ကလေးကစားစရာပစ္စည်းစုံ ဗူး(၅)ဗူးတို့ကို ဆီဆိုင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးထံပေးအပ်ကာ ကျောင်းများသို့ ဆက်လက်လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၄.၉.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အလုပ်အမှုဆောင်များနှင့် ခိုင်မေတ္တာပရဟိတအဖွဲ့ဝင်များသည် ညောင်ရွှေ မြို့နယ်၊ ဆေးရုံတွင်တက်ရောက်နေသော လူနာများနှင့် ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံလျက်ရှိကြသော ရေဘေးသင့်ပြည်သူများအား ဆပ်ပြာ၊ Shampooများနှင့် ရေသန့်များ၊ မုန့်များသွားရောက်လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဆန်၊ ဆီ၊ ကြာဇံ၊ ခေါက်ဆွဲ၊ ပဲနီလေး၊ လက်ဖက်၊ ပဲကြော်၊ အသားတုများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၄.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ဗဟို)နှင့် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့ စုပေါင်း၍ အေလာမြို့၊ ဧလာတိဏ္ဏစေတီတော်ကျောင်းတိုက်တွင် ရောက်ရှိနေကြသော ရေဘေးသင့်ကျေးရွာများမှ ရွာသူ/သားများကို ဆန်၊ ဆီ၊ ငါးခြောက်၊ ကြက်ဥ၊ တီရှပ်များ၊ ပုဆိုးများ၊ အမျိုးသမီးဝတ်အင်္ကျီ/လုံချည်များ၊ ကလေးအင်္ကျီများ၊ ဖိနပ်များ၊ ကိုယ်တိုက်ဆပ်ပြာများ၊ သွားတိုက်ဆေး၊ သွားတိုက်တံများ၊ မုန့်များ၊ ကလေးကစားစရာအရုပ်များ၊ ခေါက်ဆွဲကြော်များ၊ နဝကမ္မအလှူငွေများနှင့် သင်္ကန်းတို့ကို စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၃.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် တို့သည် နေပြည်တော် မြို့ရှောင်လမ်းဘေး ပုရွက်ဆိတ်ကုန်းရွာ သစ်လေးလုံးဓမ္မလင်္ကာရ ပရဟိတဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းဆီသို့ သွားရောက်၍ သံဃာတော်အရှင်မြတ်များအတွက် သင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့် ကျောင်းတွင်ရောက်ရှိနေသော ရေဘေးရှောင်ပြည်သူ (၂၀၀)ကျော်အတွက် ဆန်၊ ဆီ၊ ထမင်းဗူးများ၊ အဝတ်အထည်များနှင့် ဖိနပ်များလှူဒါန်းခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြပါသည်။

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၃.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် တို့သည် ပျဉ်းမနားသကြားစက်လမ်းဆုံ၊ မြို့ရှောင်လမ်း၊ ဆင်သေရွာ မြို့ရှောင်လမ်းဘေးတွင် ရောက်ရှိနေသော ရေဘေးရှောင်ပြည်သူများဆီသို့ ထမင်းဘူး၊ အဝတ်အထည်များနှင့် သွားရောက်ထောက်ပံ့လှူဒါန်းပေးပြီး အားပေးစကားများ ပြောကြားခဲ့ကြပါသည်။

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၃.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် တို့သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မရှိခဏကျောင်းတွင်ရောက်ရှိနေသော ရေဘေးရှောင်လူဦးရေ (၁၈၀)ကျော်အတွက်အဝတ်အထည်များ၊ ကလေးကစားစရာပစ္စည်းများနှင့် ဖိနပ်များသွားရောက်လှူဒါန်းပြီး နှစ်သိမ့်မှုအားပေးစကားများလည်း ပြောကြားခဲ့ပါသည်။