Myanmar

ဆုချီးမြှင့်ခြင်းအခမ်းအနား

ဆုချီးမြှင့်ခြင်းအခမ်းအနား

(၁၂.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဌသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျင်းပပြုလုပ်သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်၍ ဆုများချီးမြှင့်ပေးခဲ့ပါသည်။

အုန်းတောပရိယတ္တိစာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

အုန်းတောပရိယတ္တိစာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

(၁၂.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် တို့သည် နေပြည်တော်၊ ပျဉ်းမနားမြို့၊ အုန်းတောပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ သံဃာတော်အရှင်မြတ်များအတွက် သင်္ကန်း၊ ဖိနပ်၊ စောင်၊ ခါးပန်းကြိုးများ လှူဒါန်းခြင်းနှင့် ကျောင်းတွင်ရောက်ရှိနေသော ရေဘေးရှောင်လူဦးရေ (၂၀၀)ကျော်အတွက် စားစရာများ၊ အဝတ်အထည်များနှင့် အလှူငွေများကို လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၀.၉.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် မကွေးမြို့၊ ရုံးပေါင်းစုံခန်းမ၌ မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ မကွေးတိုင်းအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးနှင့် မျောက်ကျောက်ရောဂါကာကွယ်ရေးအသိပညာပေးတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၇.၉.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအ သင်းမှ မကွေးမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်း (၇)ကျောင်းသို့သွားရောက်၍ ကစားစရာ ပစ္စည်းပါဗူးများနှင့် KG, G-1 ကျောင်းသား/သူများအတွက် လက်ရေးလှစာအုပ်များလှူဒါန်းခြင်း၊ အ.မ.က (၃၁၇)တပ်ကျောင်းတွင် အထွေထွေအသုံးပြုနိုင်ရန်အတွက် အလှူငွေများထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ကျန်းမာရေးအသိပညာပေးဟောပြောခြင်း

ကျန်းမာရေးအသိပညာပေးဟောပြောခြင်း

(၅.၉.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အလုပ်အမှုဆောင်များနှင့် ခိုင်မေတ္တာပရဟိတဖောင်ဒေးရှင်းတို့ပူးပေါင်း၍ မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာများကိုဟောပြောပြီး Mask များလှူဒါန်းခြင်း၊ ချောင်းဆိုး၊ ဖျားနာ၊ ယားနာပေါက်၊ ကျောအောင့်နေသောကိုရင်များ၊ ဦးဇင်းများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

အစည်းအဝေးကျင်းပခြင်း

(၄.၉.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့် တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အလုပ်အမှုဆောင်များတွေ့ဆုံ၍ အသင်း၏ရှေးလုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားရာ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်၍ လူမှုရေးလုပ်ငန်းများကို ပိုမိုစည်းလုံးစွာ အားဖြည့်ဆောင်ရွက်သွားရန် ဆုံးဖြတ်အတည်ပြုခဲ့ကြပါသည်။