ထောက်ပံ့လှူဒါန်းခြင်း

(၃.၈.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ စစ်ဘေးရှောင်ကျောင်းသားလေး (၂)ဦးအား ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၃.၈.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ စစ်ဘေးရှောင်ကျောင်းသားလေး (၂)ဦးအား ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

(၂၃.၈.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလှူငွေ (၂)သိန်းကျပ် မ,တည်၍ အလှူရှင်များစုပေါင်းကာ အနန္တဂုဏ်ရည်စာသင်တိုက်သို့သွားရောက်၍ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကြက်သွန်များ လှူဒါန်းခဲ့ပါသည်။

(၂၃.၈.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် စည်းရုံးရေးမှူးတို့သည် ထားဝယ်မြို့၊ အ.ထ.က (၃)တွင်ကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို တက်ရောက်ခဲ့ပြီး စာကြည့်တိုက်များတွင် စာအုပ်များဝယ်ယူနိုင်ရန်အတွက် အလှူငွေများလှူဒါန်းခဲ့ကြပါသည်။

(၂၃.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင် (၁)ဦးတို့သည် နေပြည်တော်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပပြုလုပ်သော အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

(၂၂.၈.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် မကွေးတိုင်း၊ လူမှုဝန်ထမ်းရုံးတွင်ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဒုတိယ (၃)လပတ်ကာလအတွင်း မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

(၂၂.၈.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာခန်းမတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျင်းပပြုလုပ်သော ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။