ထောက်ပံ့လှူဒါန်းခြင်း

(၁၉.၁၂.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန္တလေးတောင်ခြေရှိ ရွှေကျင်တိုက်မကြီးကျောင်းတွင် ရောက်ရှိနေကြသော မတ္တရာမြို့နယ်၊ မိုးကြိုးကျေးရွာမှ နေရပ်စွန့်ခွါကျောင်းသား/သူ (၁၀၂)ဦးအတွက် စာအုပ်၊ ခဲတံ၊ ဆပ်ပြာမှုန့်၊ ခေါင်းလျှော်ရည်၊ လက္ဘရည်ထုပ်များနှင့် ပေါင်မုန့်များ လှူဒါန်းထောက်ပံ့ခြင်းနှင့် ကျောင်းထိုင်ဆရာတော်ကြီးအား နဝကမ္မအလှူငွေ (၁၀၀၀၀၀)ကျပ် ဆပ်ကပ်လှူဒါန်းခဲ့ပြီး စုစုပေါင်းလှူဒါန်းငွေမှာ (၄၉၅၀၀၀)ကျပ် ဖြစ်ပါသည်။ ထိုနောက် ဥက္ကဌသည် ကျောင်းသား/သူများ အား မြတ်ဗုဒ္ဓဟောကြားသောတရားဖြစ်သည့် “ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား” ခေါင်းစဉ်အားလည်းကောင်း၊ ဒုတိယဥက္ကဌသည် “ လူငယ်နှင့် အနာဂတ်” ခေါင်းစဉ်အားလည်းကောင်း၊ ဆွေးနွေးဟောပြောခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း
%d bloggers like this: