



၇.၁.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ဗဟို)ရုံးချုပ်၌ပြုလုပ်သော ဘုရားအနေကဇာတင် အလှူတော်မင်္ဂလာပွဲသို့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မရှိခဏကျောင်းတိုက်မှ ဆရာတော် နှင့် သံဃာတော်အရှင်သူမြတ်တို့ ကြွရောက်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး နဝကမ္မဝတ္ထုငွေနှင့် သင်္ကန်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီးနောက် ဆရာတော်နှင့်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း နှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ (၇)သိန်းကျပ်ဖြစ်ပါသည်။
ထောက်ပံ့လှူဒါန်းခြင်း