ထောက်ပံ့လှူဒါန်းခြင်း

၁၂.၁.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ဦးလှထွန်းမေတ္တာရိပ်မွန်(ကင်ဆာ)ဖေါင်ဒေးရှင်းသို့ သွားရောက်၍ သွေးကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အူကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ ကင်ဆာ‌‌ဝေဒနာရှင်( ၃၅ )ဦးနှင့် လူနာစောင့်(၃၅)ဦးအတွက် နေ့လည်စာလှူဒါန်းခြင်း၊ ဆေးပဒေသာပင်အတွက် (၂၀၀,၀၀၀)ကျပ်၊ ဝေဒနာရှင်တဦးစီအတွက် အလှူငွေ(၅၀၀၀)ကျပ်စီနှင့် လိမ္မော်သီးတို့ကိုလှူဒါန်းခဲ့ပါသည်။ ယနေ့လှူဒါန်းငွေစုစုပေါင်း (၅၆၅၀၀၀)ကျပ်ဘိုး လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း
%d bloggers like this: