ဆွေးနွေးပွဲပြုလုပ်ခြင်း

၉.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ပဲခူးမြို့ ရပ်ကွက်ကြီး(၇)ရပ်ကွက်ရှိ စာပေဥယျာဉ်စာကြည့်တိုက်တွင် စာပေအသိပညာပေးစကားဝိုင်းကို လူငယ် ကျောင်းသား/သူများနှင့်ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်း၊ သက်ငယ်မုဒိန်းမှုခင်း၊ လူကုန်ကူးမှုအကြောင်း အသိပညာများပေးကာ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာ့သနပ်ခါး၏ တန်ဖိုးအနှစ်သာရကြီးမားကြောင်း၊ သဘာ၀အလှတရားအစစ်ဖြစ်၍ ယူနက်စကိုသို့ စာရင်းတင်သွင်းခြင်း အောင်မြင်ပါစေကြောင်း၊ မြန်မာအမျိုးသမီးတို့သနပ်ခါးကို တန်ဖိုးထားမြတ်နိုအလေးထားသင့်ပါကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲပြုလုပ်ခြင်း
%d bloggers like this: