




၁၀.၂.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်(၇)ဦးတို့သည် တောင်ကြီးခရိုင် ဖာမွန်းကျေးရွာသို့ သွားရောက်၍ ကျေးရွာမူကြိုကျောင်းတွင် တက်ရောက်နေကြသော မူကြိုကလေး(၄၉) ယောက်အား အသင်းကြီးမှထောက်ပံ့ပေးထားသော မူကြိုကလေးသုံးအရုပ်များနှင့် ရောင်စုံချယ်ပစ္စည်းများ၊ ကစားစရာများကို ပေးအပ်လှူဒါန်းခြင်းနှင့် ကလေးများအား အာဟာရမုန့်၊ ပဲနို့၊ ဆန်ပြုတ်ထုပ်၊ ပေါင်မုန့်၊ အချိုရည်၊ ဘီစကစ် စသည့် စားစရာ(၇)မျိုးတို့ကို ကျွေးမွေးခဲ့ကြပါသည်။
အာဟာရဒါနလှူဒါန်းခြင်း